12:31 pm
(ရန်ကုန် ၊ သြဂုတ် ၃ဝ)
မြန်မာ ယူ၂၂ အသင်း ဘောလုံးသမား အောင်သူသည် ယခုတစ်ကြိမ် ကျင်းပပြီးစီးခဲ့သည့် အရှေ့တောင် အာရှ ဆီးဂိမ်းပြိုင်ပွဲ တွင် သွင်းဂိုး အများဆုံး ကစားသမား ၃ ဦး စာရင်း၌ပါဝင်ခဲ့သည်။
သွင်းဂိုးလေးဂိုးဖြင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။ သွင်းဂိုး အများစာရင်းတွင် မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ တို့ရှိ ယူ၂၂ အားကစား သမားနှစ် ဦးနှင့် ပူးတွဲ ပါဝင်ခဲ့ခြင်းဖြစ်သည်။
သွင်းဂိုး အများဆုံး ကစားသမား စာရင်းတွင် မြန်မာနိုင်ငံမှ အောင်သူ၊ မလေးရှား နိုင်ငံမှ သာနာဘလန်၊ ဗီယက်နမ်နိုင်ငံ မှ ငုယင်ကောင်ဖောင် တို့ပါဝင်ပြီး ၎င်းတို့သည် ပွဲစဉ်တလျောက် သွင်းဂိုး လေးဂိုးစီ သွင်းခဲ့ကြခြင်းဖြစ်သည်။
မြန်မာယူ၂၂ အသင်းမှ တိုက်စစ်မှူး အောင်သူသည် စင်ကာပူကို နှစ်ဂိုး၊ လာအိုကို တစ်ဂိုး၊ ဘရူနိုင်းကို တစ်ဂိုးသွင်းယူ ခဲ့သည်။
၂ဝ၁၅ ခုနှစ် စင်ကာပူ ဆီးဂိမ်းတုန်းကလည်း ဂိုးသွင်းအများဆုံး ဆုကို မြန်မာနိုင်ငံမှ စည်သူအောင်က သွင်းဂိုးငါးဂိုးဖြင့် ရရှိခဲ့ကြောင်း သိရသည်။
သီဟ