ရန်ကုန်မြို့ တော် နယ်နိမိတ် အတွင်းမှာ ၃ နှစ်အတွင်း လမ်းဘေးခွေး ၁ သိန်းခွဲခန့် များပြားလာပြီး နှစ်စဉ် မူလကောင်ရေထက် ၂၅ ရာခိုင်နှုန်းခန့် မျိုးပွားပြန့် နှံ နေဟုဆို

ရန်ကုန်မြို့ တော် နယ်နိမိတ် အတွင်းမှာ ၃ နှစ်အတွင်း လမ်းဘေးခွေး ၁ သိန်းခွဲခန့် များပြားလာပြီး နှစ်စဉ် မူလကောင်ရေထက် ၂၅ ရာခိုင်နှုန်းခန့် မျိုးပွားပြန့် နှံ နေဟုဆို
September 1, 2017 Asian Fame

3:08 pm
ရန်ကုန်မြို့ တော် နယ်နိမိတ် အတွင်းမှာ ၃ နှစ်အတွင်း လမ်းဘေးခွေး ၁ သိန်းခွဲခန့် များပြားလာပြီး နှစ်စဉ် မူလကောင်ရေထက် ၂၅ ရာခိုင်နှုန်းခန့် မျိုးပွားပြန့် နှံ နေဟုဆို

dog(ရန်ကုန်၊ စက်တင်ဘာ ၁)

ရန်ကုန်မြို့ တော် နယ်နိမိတ် အတွင်းမှာ ၃ နှစ် အတွင်း လမ်းဘေးခွေး ၁ သိန်းခွဲခန့် များပြားလာပြီး နှစ်စဉ်မူလကောင်ရေ ထက် ၂၅ ရာခိုင်နှုန်း ခန့် မျိုးပွားပြန့် နှံ့ နေတယ်လို့ မြို့ တော်ဝန် ဦးမောင်မောင်စိုး ကပြောပါတယ်။

လမ်းဘေးခွေးတွေ များပြားလာခြင်းဟာ ခွေးရူးရောဂါဖြစ်ပွားမှု များပြားလာတာကြောင့် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပေးတဲ့ အကြိမ်ရေ ကို ၂၀၁၄ ခုနှစ်ကထက် ၇ဆခန့် တိုးမြှင့် ထိုးပေးထားတယ် လို့ မြို့ တော်ဝန် ရဲ့ပြောဆိုချက်အရ သိပါတယ်။ လမ်းဘေးလေ လွင့်ခွေးတွေ တိုးပွားရတဲ့ အဓိကအချက် ထဲမှာခွေးတွေကို လမ်းဘေးမှာ စည်းကမ်းမဲ့ အစာကျွေးသူတွေကြောင့်ဖြစ်တယ်လို့  မြို့ တော်ဝန် ဦးမောင်မောင်စိုးက ဒီကနေ့ တိုင်း လွှတ်တော်မှာ ပြောပါတယ်။

ဒဂုံမြို့ သစ်(တောင်ပိုင်း) မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက လမ်းဘေးခွေးလေခွေးလွင့် များနဲ့ ပတ်သတ်ပြီး မေးခွန်း တစ်ခု ကို ဒီကနေ့ ရန်ကုန်တိုင်း လွှတ်တော်မှာမေးခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းက ခွေးလေခွေးလွင့် များကို အကောင်ရေလျော့ချဖို့ ဆောင်ရွက် တဲ့နေရာမှာ အဆိပ်ကျွေး သတ်တာ ထက် သားဆက်ခြားခြင်း မျိုးကို ဆောင်ရွက်ဖို့ အစီအစဉ် ရှိသလားလို့ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ အဆိုပါမေးခွန်း နဲ့ ပတ်သတ်ပြီး မြို့ တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ဌာနရဲ့ လမ်းဘေးခွေးတွေ နဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ တာဝန် ရှိသူတွေက ဆောင်ရွက်နေမှုတွေကို ရှင်းပြသလို လမ်းဘေးခွေးတွေ ရဲ့ အကျိုးသက်ရောက်မှုတွေ ကို ပြောပါတယ်။

”လေလွင့်ခွေးတွေဟာ အထိန်းအကွပ် မရှိဘူး လွတ်လပ်စွာ မျိုးဆက်ပြန့် ပွားနိုင်တဲ့ ပတ်ဝန်းကျင်လည်း ရထားတယ် လမ်းဘေး ဆိုင်တွေ က စည်းကမ်းမဲ့ အမှိုက်ပစ်မှုတွေနဲ့ လုံခြုံမှုမရှိတဲ့ အမှိုက်ပုံတွေ၊ စည်းကမ်းမဲ့ အစာကျွေးတာတွေကြောင့် လေလွင့်ခွေးတွေ တိုးပွားရတဲ့
အဓိက အချက်လည်း ပါပါတယ်” လို့ သူကပြောပါတယ်။

လမ်းဘေးခွေးတွေကို လမ်းဘေးမှာ အစာကျွေးတာဟာ ကြင်နာသနားစိတ် နဲ့ ကျွေးတာကြောင့် မှားတယ်လို့ မဆိုနိုင်ပေမယ့် စည်းကမ်း မဲ့ကျွေးမွေးခြင်း ကတော့ စနစ်တကျ မရှိတဲ့အပြင် လေလွင့်ခွေးတွေကိုပါ ပိုမို တိုးပွားစေတဲ့ အချက်ဖြစ်တယ်လို့ ရန်ကုန်မြို့ တော်ကပြော
ပါတယ် ။လေလွင့်ခွေးကောင်ရေ များပြားလာခြင်းဟာ ခွေးရူးရောဂါဖြစ်ပွားမှုနှုန်း ပိုမိုဖြစ်စေတယ် လို့ သူကဆိုပါတယ်။

၂၀၁၄ ခုနှစ်က ရန်ကုန်မြို့ တော် နယ်နိမိတ်အတွင်းမှာ အကြမ်းဖျင်း စာရင်းကောက်ထားချက် အရ လမ်းဘေးခွေးလေခွေးလွင့် ၁သိန်းခွဲ ခန့် ရှိခဲ့ရာမှာ ယခု အခါ ၂သိန်းခွဲခန့် ရှိနေပြီိလို့ မြို့ တော်ဝန် ကဆိုပါတယ်။၂၀၁၄ ခုနှစ်က ခွေးရူးရောဂါ ကာကွယ်ဆေးကို ၁၂၁ ကြိမ်သာ ထိုးပေးခဲ့ပေမယ့် ယခုနှစ်မှာ ၈၈၅ ကြိမ်ထိ ခွေးတွေကို ထိုးပေးထားတယ်လို့ သိရပါတယ်။

”ခွေးချစ်သူတွေ ရှိသလို ခွေးကြောက်သူတွေလည်း ရှိပါတယ် ခွေးအချင်းချင်း ရန်ပြုတာ ဟောင်တာ ပတ်ဝန်းကျင် အနှောက် အယှက်ဖြစ်စေတာ အညစ်အကြေး စွန့် တာ စတဲ့ လူမှုရေး ကျန်းမာရေးပြဿနာတွေ ဖြစ်ပေါ်နိုင်တဲ့ အတွက်ကြောင့် ရှင်းလင်းပေးဖို့ စာ၊ တယ်လီဖုန်း၊ သတင်းစာတွေ ၊ ဂျာနယ်တွေနဲ့ လူမှုကွန်ယက် ကတဆင့် နေ့ စဉ် အကူအညီတောင်းကြတာ ရှိပါတယ်။ တိုင်ကြားတဲ့ အတွက် ကော်မတီ အနေနဲ့ သုတ်သင်ပေးနေရမှုတွေ ရှိတယ်” လို့ ဦးမောင်မောင်စိုး ကပြောပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*