မိုးသည်းထန်လို့ မိုင်းဖြတ်မှာ လမ်းတံတားအချို့ပျက်စီး

မိုးသည်းထန်လို့ မိုင်းဖြတ်မှာ လမ်းတံတားအချို့ပျက်စီး
September 1, 2017 Asian Fame

1:23 pm
မိုးသည်းထန်လို့ မိုင်းဖြတ်မှာ လမ်းတံတားအချို့ပျက်စီး

1(မိုင်းဖြတ် ၊ စက်တင်ဘာ ၁)

သြဂုတ်လ (၃၁)ရက်နေ့ ညပိုင်းနဲ့ ဒီကနေ့ စက်တင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ရွာသွန်းခဲ့တဲ့ မိုးတွေကြောင့် မိုင်းဖြတ်မြို့နယ် အတွင်းမှာ လမ်းတံတား ပျက်စီးမှု တွေရှိခဲ့ပါတယ်။

မိုင်းဖြတ်မြို့၊ မိုင်းဖြတ်- တာချီလိတ် လမ်းအပိုင်း ၊မိုင်တိုင်အမှတ် ၇၁၇ km နဲ့ 718 km အကြား၊မိုင်းဖြတ်မြို့နယ်စီမံကိန်းရုံးရှေ့မှာရှိတဲ့ ကျောက်စီ ကွန်ကရစ် တံတား ဟာ အလျား ပေ(၃၀)လောက် အောက်သို့ နိမ့်ကျ သွားခဲ့တယ်လို့ တာချီလိတ် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက နေသိရပါတယ်။

21231607_1951385321781705_2178480412714030734_nလက်ရှိ ကားငယ် ရှောင်ကွင်းလမ်း ကနေ သွားနိုင်ပြီး ကား ကြီးတွေတော့ သွားလို့ မရသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် မိုင်းဖြတ်- ကျိုင်းတုံ လမ်းအပိုင်း၊ မိုင်းဖြတ်မြို့ကနေ ကျိုင်းတုံ မြို့ဘက် အထွက် မိုင်တိုင် ၇၁၂Km နဲ့ ၇၁၄ Km အကြားမှာ တောင်ပြို လမ်း ပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေပြီး ၊ လမ်း ပိတ်ဆို့မှုတွေကို အမြန်ဆုံး ဖယ်ရှားနိုင်ရေး အတွက် လမ်း ဦးစီး ဌာန နဲ့ ဌာန ဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်နေတယ် လို့သိရ ပါ တယ်။

စက်တင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်း တိုင်းတာချက် အရ မိုင်းဖြတ်မြို့ ရဲ့ မိုးရေချိန်ကတော့ ၂.၉၃ လက်မ ရှိတယ် လို့သိရ ပါတယ်။

YL

Photo Credit – တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (မိုင်းဖြတ် ထွေ/အုပ်)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*