မောင်တော ကျဆုံးတာခံမလား ၊ စစ်အုပ်ချုပ်ရေး ပြဌာန်းပေးမလား ကြိုက်ရာရွေးပါလို့ ဦးဝီရသူဆို

မောင်တော ကျဆုံးတာခံမလား ၊ စစ်အုပ်ချုပ်ရေး ပြဌာန်းပေးမလား ကြိုက်ရာရွေးပါလို့ ဦးဝီရသူဆို
August 30, 2017 Asian Fame

5:38 pm
မောင်တော ကျဆုံးတာခံမလား ၊ စစ်အုပ်ချုပ်ရေး ပြဌာန်းပေးမလား ကြိုက်ရာရွေးပါလို့ ဦးဝီရသူဆို

UWiRaThu(ရန်ကုန်၊ သြဂုတ် ၃၀)

မောင်တော ကျဆုံးတာခံမလား ၊ စစ်အုပ်ချုပ်ရေးပြဌာန်းပေးမလား ကြိုက်ရာရွေးပါလို့ အမျိုးသားရေး တက်ကြွဆရာတော် ဦးဝီရသူက ဒီကနေ့ မိန့်လိုက်ပါတယ်။

ရန်ကုန်မြို့ ၊မြို့ တော် ခန်းမရှေ့ မှာ ပြုလုပ်တဲ့ မစ္စတာကိုဖီအာနန်အဖွဲ့ ရဲ့ အပြီးသတ် အစီရင်ခံစာကို ကန့်ကွက်ခြင်းနဲ့ ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှု များကို ရှုံ့ ချခြင်းပွဲမှာ ၎င်းကမိန့် ကြားလိုက်ခြင်းဖြစ်ပါတယ်။
21150229_1583914321667301_4454334146290608792_n
”စစ်အုပ်ချုပ်ရေး မပြဌာန်း သေးသ၍ မောင်းတော ပြည်သူတွေဟာ ဘင်္ဂါလီ စာမိနေ မှာပဲ ဆိုတာ မြဲမြဲ မှတ်ထား။ မောင်တောပြည် သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ပဓါနထားမလား။ နိုင်ငံ တကာရဲ့ ဖိအားကို ပဓါန ထားမလား။ ရခိုင် ပြည်သူတွေ ရဲ့ အသက် အိုးအိမ်စည်း စိမ် ကို စောင့်ရှောက်နိုင်တာ ဘင်္ဂါလီတွေ ကို လိမ် မာအောင် ဆုံးမနိုင်တာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက် ပဲရှိတယ်” စသည်ဖြင့် ဦးဝီရသူ ကမိန့် ကြားတာ ဖြစ်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ရှုံ့ချပွဲကို အစီအစဉ် ၈ ခုနဲ့ ကျင်းပခဲ့ပြီး ဆရာတော် ဦးဝီရသူ နဲ့ အမျိုးသားရေး တက်ကြွ ၂ ဦးက ဆူးလေစေတီရှေ့ မှာ ရှိနေတဲ့ ပရိသတ်ကိုဟောပြောခဲ့ပါတယ်။ဒါ့အပြင် ဆရာတော် ဦးဝီရသူက NGO နဲ့ INGO တွေကိုလည်း ချက်ချင်းထွက်သွားဖို့ နဲ့  UN ၀ိတ်နဲ့ လာပြီး မောင်းတောကိုလာဖျက်ဆီးတဲ့ အကြမ်းဖက် သမားတွေလို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီပွဲကို မြို့တော်ခန်းမရှေ့မှာ ၂ နာရီ ခန့်ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။

ဖြိုးထက်အောင်
ဓာတ်ပုံ – အောင်နိုင်စိုး(ကစ္ဆပ)

21150448_1583914691667264_2541990238069918744_n

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*