ပုဂံမှ ငလျင်ဒဏ်သင့် စေတီပုထိုးများကို ၂၀၂၀ မတိုင်ခင် အပြီးသတ် ပြုပြင်မည်

ပုဂံမှ ငလျင်ဒဏ်သင့် စေတီပုထိုးများကို ၂၀၂၀ မတိုင်ခင် အပြီးသတ် ပြုပြင်မည်
August 30, 2017 Asian Fame

11:53 am
ပုဂံမှ ငလျင်ဒဏ်သင့် စေတီပုထိုးများကို ၂၀၂၀ မတိုင်ခင် အပြီးသတ် ပြုပြင်မည်

bagan(နေပြည်တော် ၊ သြဂုတ် ၃၀)

ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ ပုဂံကစေတီ ပုထိုးတွေကို ၂၀၂၀ မတိုင်မှီ ပြုပြင်ပြီးစီးမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို ကပြောပါတယ်။

သြဂုတ်လ ၃၀ရက်နေ့ က ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေး မှာ သာသနာရေး နဲ့ယဉ်ကျေးမှုဝန်ကြီးဌာန မေးခွန်း များဖြေကြား အပြီးမှာ သတင်းမီဒီယာတွေကို အထက်ပါ အတိုင်းပြောကြား ခဲ့တာပါ။

ဒါ့အပြင် ပြဿဒ်ကြီး ၊ နရပတေ့ အစရှိတဲ့ နံရံဆေးရေး ပန်းချီ ရှိတဲ့ စေတီ ပုထိုးတွေက နံရံဆေးရေး ပန်းချီတွေကို အိန္ဒိယ ၊ ဂျပန် ၊ တရုတ် ၊ အီတလီ ၊ စပိန် နိုင်ငံများမှ ပညာရှင်တွေက ပြုပြင်မွမ်းမံဖို့ တာဝန် ယူထားတယ် လို့လည်း သူကပြောပါတယ်။

“အခုလ ၂၇ရက်က လုပ်တဲ့ အစည်းအဝေး မှာလည်း နိုင်ငံပေါင်းစုံက ပညာရှင်ပေါင်းစုံ ကလည်း ဒါနဲ့ ပတ်သတ်ပြီး ဆက်ကူညီဖို့ တာဝန်ခွဲဝေယူခဲ့ကြပါတယ်”လို့ သူကဖြေကြားခဲ့ပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*