အကြောင်းအရာတစ်ခုတည်းဖြင့် မွန်အမျိုးသားပါတီဝင် ၆၀ တစ်ပြိုင်တည်းနှုတ်ထွက်

အကြောင်းအရာတစ်ခုတည်းဖြင့် မွန်အမျိုးသားပါတီဝင် ၆၀ တစ်ပြိုင်တည်းနှုတ်ထွက်
August 30, 2017 Fame Asian

1:26 pm
အကြောင်းအရာတစ်ခုတည်းဖြင့် မွန်အမျိုးသားပါတီဝင် ၆၀ တစ်ပြိုင်တည်းနှုတ်ထွက်

21151284_1950478045205766_5704496108880429379_n

မော်လမြိုင် ၊ သြဂုတ် ၃၀

မွန်ပါတီ ၂ ခု အခုထိ မပေါင်းသေးတဲ့အတွက် ဆိုတဲ့ခေါင်းစဉ်နဲ့ မွန်အမျိုးသားပါတီရဲ့ ပါတီဝင် ၆၀ ဟာ ပါတီကနေတစ်ပြိုင်နက်တည်း နှုတ်ထွက်လိုက်ကြပါတယ်။

မွန်ပါတီ ၂ခုဖြစ်တဲ့ မွန်အမျိုးသားပါတီ နဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တို့ဟာ ပါတီ ၂ ခုပေါင်းစည်းနိုင်ရေးအတွက် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့ကြတာဖြစ်ပေမယ့် ဒီကနေ့ အထိ မပေါင်းစည်းနိုင်သေးပါဘူး။

အခု ဒီအကြောင်းကြောင့် နှုတ်ထွက်လိုက်တဲ့ ကျိုက်မရောမြို့နယ်က ပါတီဝင် ၆၀ မှာ မြို့နယ် အမှုဆောင် ၂ ဦးပါဝင်တယ်လို့သိရပါတယ်။

ဒါနဲ့ပတ်သတ်ပြီး မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယိသမ က “၂၉ ရက်နေ့က ပဲ နှုတ်ထွက်စာတွေ တစ်ပြိုင်တည်းရောက်လာတယ်။ ခေါင်းစည်းကတူနေတယ် ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

၂၀၁၃ ခုနှစ်က ကပြုလုပ်ခဲ့တဲ့ မွန်အမျိုးသား ကွန်ဖရင့် နဲ့ ၂၀၁၆ ခုနှစ် ကပြုလုပ်ခဲ့တဲ့ မွန်အမျိုးသား ကွန်ဖရင့် တုန်းကလည်း မွန်ပါတီ ၂ ခုပေါင်းစည်းရေးအတွက်ဆုံးဖြတ်ချက်တွေချထားခဲ့ကြောင်း ၊
ဒါ့အပြင် ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ကလည်း ပါတီ ၂ ခုပေါင်းစည်းရေးအတွက် သဘောတူလက်မှတ်ရေးထိုးခဲ့သေးတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းကလည်း မွန်အမျိုးသားပါတီထဲက ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးကို ပါတီနဲ့ကင်းကွာနေပြီး ပါတီကို အဆက်အသွယ်မလုပ်တဲ့အတွက် တာဝန်ကနေ ရပ်ဆိုင်းခဲ့ပါသေးတယ်။

လက်ရှိ မွန်အမျိုးသားပါတီ မှာ ပါတီဝင်အင်အား ၈ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

YL / TH

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*