ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်ဖြင့် ဘောလုံးပြိုင်ပွဲကျင်းပခဲ့သည့် မြတန်ဆောင်းဆရာတော်နှင့်ကျောင်းဆရာကို ထောင်၂နှစ်ချ

ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်ဖြင့် ဘောလုံးပြိုင်ပွဲကျင်းပခဲ့သည့် မြတန်ဆောင်းဆရာတော်နှင့်ကျောင်းဆရာကို ထောင်၂နှစ်ချ
August 30, 2017 Fame Asian

4:02 pm
ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်ဖြင့် ဘောလုံးပြိုင်ပွဲကျင်းပခဲ့သည့် မြတန်ဆောင်းဆရာတော်နှင့်ကျောင်းဆရာကို ထောင်၂နှစ်ချ

21106882_1543850739010536_5344549641387223812_n

မြောက်ဦး ၊ သြဂုတ် ၃၀

ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်ဖြင့် ဘောလုံးပွဲကျင်းပခဲ့၍ ဖမ်းဆီးခံထားရသည့် မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရ နှင့် ပရဟိတကျောင်းဆရာ ခိုင်နီမင်း တို့ကို မြောက်ဦးတရားရုံးက ယနေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်သည်။

ဆရာတော်နှင့် ကျောင်းဆရာ ကိုခိုင်နီမင်း တို့ကို ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်ဖြင့် ဘောလုံးပြိုင်ပွဲကျင်းပမှုဖြင့် မြောက်ဦး အခြေစိုက် ၅၄ဝ တပ်ရင်းက ပုဒ်မ ၁၇(၁)၊ ၁၇(၂) အမှုဖွင့် တရားစွဲဆိုခဲ့သည်။

မြောက်ဦးတရားရုံးက ပုဒ်မ ၁၇(၁)၊ ၁၇(၂) အမှုစစ်ဆေးနေစဉ် ၁၇(၂) နှင့်မညှိစွန်းသည့်အတွက် ပုဒ်မ ၁၇(၁) ဖြင့်ပင် အမှုကိုစစ်ဆေးခဲ့သည်။

မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရ နှင့် ပရဟိတကျောင်းဆရာ ခိုင်နီမင်းတို့ဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးသည့်ရှေ့နေ ဦးထွန်းလှက ”နေ့လည် ၁၂နာရီလောက်မှာ အမိန့်ချတယ်။ပြီးတာနဲ့ စစ်တွေ ထောင်ကို တန်းပို့လိုက်တယ်”ဟု ပြောသည်။

ရခိုင်အဖွဲ့ AA သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တပ်ဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိတွင်လည်း အစိုးရနှင့် တိုက်ပွဲများဖြစ်ပွားနေသော မတရားအသင်းကြေညာခံထားရသည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*