ဘီးလင်းသကြားစက်တွင် ပထမအဆင့်တစ်ရက်တန် (၃၀၀)ကျ စက်ရုံငယ် တည်ဆောက် လည်ပတ်မည်။

ဘီးလင်းသကြားစက်တွင် ပထမအဆင့်တစ်ရက်တန် (၃၀၀)ကျ စက်ရုံငယ် တည်ဆောက် လည်ပတ်မည်။
August 28, 2017 Fame Asian

3:58 pm
ဘီးလင်းသကြားစက်တွင် ပထမအဆင့်တစ်ရက်တန် (၃၀၀)ကျ စက်ရုံငယ် တည်ဆောက် လည်ပတ်မည်။

sss

နေပြည်တော် ၊ သြဂုတ် ၂၈

ကုမ္ပဏီသို့ငှားရမ်းထားသော ဘီးလင်းသကြားစက် တွင် ပထမအဆင့်အနေဖြင့် ဒေသခံကြံစိုက်တောင်သူများ အဆင်ပြေစေနိုင်ရန်အတွက် တစ်ရက်လျှင် တန်(၃၀၀) ကျ သကြားစက်ရုံငယ် တည်ဆောက်ပြီး လည်ပတ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှသိရသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဘီးလင်း မဲဆန္ဒနယ်အမတ် ဦးတင်ကိုကိုဦး မေးမြန်းသော “ကုမ္ပဏီသို့ ငှားရမ်းထားသော ဘီးလင်းသကြားစက်ကို လည်ပတ်ရန် မည်ကဲ့သို့ စီမံဆောင်ရွက် နေသည်နှင့် ကြံစိုက်တောင်သူများ၏ ကြံများကို မည်ကဲ့သို့ ဝယ်ယူပြီး အာမခံချက်မည်မျှပေးနိုင်မည်နည်း” မေးခွန်းကို စက်မှုဝန်ကြီး ဦးခင်မောင်ချိုက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ အဆိုပါဘီးလင်းသကြားစက်ကို ငှားရမ်းထားသည့်ကုမ္ပဏီမှာ Super One Dragon Co.,Ltd. ဖြစ်ကြောင်းသိရသည်။

ကုမ္ပဏီအနေဖြင့် ဘီးလင်းသကြားစက်ရုံ လည်ပတ်ထုတ်လုပ်နိုင်ရန်နှင့် ဒေသခံကြံတောင်သူများ အဆင်ပြေနိုင်ရန်အတွက် လက်ရှိ ကြံစိုက်ပျိုးထုတ်လုပ်ရရှိနိုင်မှုအပေါ် မူတည်ပြီး တစ်ရက်လျှင် တန်(၃၀၀) ကြိတ်ဝါးထုတ်လုပ်နိုင်သည့် သကြားစက်ငယ် တည်ဆောက်ရေးကို ပထမအဆင့်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ၊ Suger Mill Section အတွက် စက်(၁၆) မျိုး၊ Juice Section အတွက် စက်(၁၁) မျိုးတို့ကို တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများက ဝယ်ယူတင်သွင်းရန် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိကြောင်း ဦးခင်မောင်ချိုက ဆိုသည်။

Time Schedule အရ လာမည့် ၂၀၁၇ခုနှစ်၊ အောက်တိုဘာလလယ်တွင် စက်စတင်တပ်ဆင်မည်ဖြစ်၍ ဒီဇင်ဘာလ ဒုတိယပတ်တွင် စက်တပ်ဆင်ပြီးစီးမည်ဖြစ်ကြောင်း ၊ တတိယပတ်တွင် စက်စမ်းသပ်လည်ပတ်မည်ဖြစ်ကြောင်း၊ ၂၀၁၇-၁၈ ခုနှစ် ကြံရာသီတွင် တစ်ရက်လျှင် တန်(၃၀၀) ကျ သကြားစက်ငယ်ကို စမ်းသပ်လည်ပတ်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၊ ကြံရာသီစက်လည်ပတ်ချိန်တွင် ဝန်ထမ်း(၅၀) ဦးခန့် ထပ်မံခန့်ထားမည်ဖြစ်ကြောင်းလည်းသိရသည်။

လုံလောက်သည့် ကြံစိုက်ဧက တိုးမြှင့်ရရှိရေး စီမံဆောင်ရွက်နေခြင်းဖြင့် တစ်ရက်လျှင် တန်(၁၅၀၀) ကျ သကြားစက်ကို စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရန် စက်ပစ္စည်းများကို ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များနှင့် ပြင်ဆင်မွမ်းမံရန် ဆွေးနွေးညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၀န်ကြီးက ထပ်လောင်းပြောဆိုသွားသည်။

ဘီးလင်းသကြားစက်အပါအ၀င် စက်ရုံ ၉ ခုကို နှစ် ၃၀ စာချုပ်ဖြင့် ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်စေခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာလ တွင် ပုဂ္ဂလိက ကုမ္ပဏီများက စတင်တာဝန်ယူခဲ့ခြင်းဖြစ်သည်။

YL
Photo- Ko Nyunt

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*