August 25, 2017
4:48 pm
4:48 pm
ဒီပအေးမြစေတီတော်ကြီး ဧရာဝတီမြစ်အတွင်းသို့ပြိုကျ

အင်္ဂပူ၊သြဂုတ်၂၅
မြစ်ရေတိုက်စားမှုကြောင့် မနေ့ မနက် ၆နာရီ ခွဲအချိန်ခန့်က အင်္ဂပူမြို့နယ် နံကပ်ကြီး ကျေးရွာမှာ တည်ထားတဲ့က ဉာဏ်တော်(၁၈)တောင် အမြင့်ရှိ ဒီပအေးမြစေတီတော်ကြီး ဧရာဝတီမြစ်အတွင်းသို့ပြိုကျပျက်စီး သွားခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ ၂၃ ရက်နေ့ကလည်း နံကပ်ကြီး ကျေးရွာမှာ တည်ထားတဲ့ အဲ့ဒီ့စေတီတော်ရဲ့ ကျန်ရှိတော်တဲ့ အရံစေတီ(၃)ဆူ အနက်(၂)ဆူနဲ့စေတီတော်ကြီး ရဲ့ အောက်ခြေလုံးပတ် (၅၂)တောင် ရှိသည့်အနက် (၂၆)ပေခန့်ဟာ လည်း ပြိုကျခဲ့ပြီး ဖြစ်ပါတယ်။
PN
0
0