မြန်မာ-မလေး ဘောလုံးပွဲ အပြန် မြန်မာနိုင်ငံသား ၁၀ ဦး တိုက်ခိုက် ခံရပြီး ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့

မြန်မာ-မလေး ဘောလုံးပွဲ အပြန် မြန်မာနိုင်ငံသား ၁၀ ဦး တိုက်ခိုက် ခံရပြီး ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့
August 24, 2017 Asian Fame

12:29 pm
မြန်မာ-မလေး ဘောလုံးပွဲ အပြန် မြန်မာနိုင်ငံသား ၁၀ ဦး တိုက်ခိုက် ခံရပြီး ၄ ဦးထိခိုက် ဒဏ်ရာရရှိခဲ့

malay(ရန်ကုန် ၊ သြဂုတ် ၂၃)

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့ က မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာနဲ့ မလေးရှား အသင်းတို့ ရဲ့ ဘောလုံး ပွဲစဉ်ကို လာရောက် ကြည့်ရှု အားပေးခဲ့ကြတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးဟာ ဘောလုံးပွဲ အပြီး အပြန်မှာ တိုက်ခိုက်ခံရပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။

တစ်ဦးကတော့ အတွင်းလူနာ အဖြစ်ကုသမှု ခံယူနေရဆဲ အခြေအနေမှာ ရှိနေတယ်လို့ လည်း မြန်မာသံရုံး က ဆိုထားပါတယ်။

20953950_870445589769092_3836365340308015462_nတိုက်ခိုက် ခံလိုက် ရတဲ့ မြန်မာနိုင်ငံ သားတွေ ကို မြန်မာသံရုံး နဲ့ မလေးရှားနိုင်ငံ မှာ ရှိနေတဲ့ မြန်မာနိုင်ငံသား များ ကာ ကွယ် စောင့်ရှောက်ရေး အဖွဲ့ ၀င်တွေ သွားရောက် ကြည့်ရှုပြီး လိုအပ် တာတွေ ကူညီ ပေးထားနေကြောင်း နဲ့ထိခိုက် ဒဏ်ရာ ရရှိခဲ့ သူ ၄ ဦးကတော့ နတ်မောက်မြို့ က အောင်ကြီး (၂၆နှစ်)၊ ကလန်းမြို့ နေ မောင်မျိုး၊ ကော့မှူး မြို့ နယ် က မင်းစိုး(၃၂ နှစ်)၊ ညောင်ဦးမြို့ နယ် က မြင့်မိုး(၂၅ နှစ်) တို့ ဖြစ်ကြောင်းပါ သတင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

၎င်းတို့ ဟာဘောလုံးပွဲ အပြီး အပြန် ကားရပ်စောင့်နေတုန်း မှာ လူ(၂၀) ၀န်းကျင်စီ က အသီးသီး တိုက်ခိုက် ထိုးကြိတ် ခဲ့ကြတာလို့ သိရ ပါတယ်။

ဒဏ်ရာရ မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ ချုပ်က လည်း ဆေးဝါး ကုသစရိတ်များ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံက မြန်မာသံရုံးဘက် ကတော့ မလေးရှားနိုင်ငံ ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ကို သတိဝီရိယနဲ့ လှုပ်ရှား သွား လာနေထိုင်ကြဖို့ ကြေညာထားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*