တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် မစ္စတာ ကိုဖီအာနန် တို့တွေ့ဆုံ

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် မစ္စတာ ကိုဖီအာနန် တို့တွေ့ဆုံ
August 24, 2017 Asian Fame

11:23 am
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် မစ္စတာ ကိုဖီအာနန် တို့တွေ့ဆုံ

Ko(ရန်ကုန် ၊ သြဂုတ် ၂၄)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ Mr. Kofi Annan ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တို့ ဟာ ယနေ့ နံနက်ပိုင်းမှာ နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ ဆုံကြတယ် လို့ သိရပါတယ်။

တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့မှ တင်သွင်းမယ့် အစီရင်ခံစာပါ အကြောင်းအရာများ၊ အစီရင်ခံစာမှာ ပြင်ဆင် ထည့်သွင်းရန် လိုအပ်တဲ့ အကြောင်းအရာ များကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့  တပ်မတော် ကာကွယ်ရေး ဦးစီးရုံးက ထုတ်ပြန် ထားပါတယ်။

20953975_870428349770816_2258764028635442502_nမစ္စတာ ကိုဖီအာနန်ဟာ မနေ့ က လည်း နိုင်ငံတော် သမ္မတ ဦးထင်ကျော် နဲ့  သမ္မတ အိမ်တော် အိမ်တော် သံတမန်ဆောင်မှာ တွေ့ ဆုံခဲ့ ပါသေးတယ်။ သမ္မတရုံး ကတော့ ပြီးခဲ့တဲ့ ကြားဖြတ် အစီရင် ခံစာပါ အကြံပြုချက် များ အပေါ် နိုင်ငံတော် ရဲ့ ဥပဒေ မူဝါဒများ နဲ့ အညီ အကောင်အထည် ဖော်လျက် ရှိနေတဲ့ အခြေ အနေများ ၊ ရခိုင်ပြည်နယ် အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက် ရရှိရေး အပါအ၀င် လူမှု စီးပွား ရေး ဖွံ့ဖြိုး တိုး တက်စေရေး အတွက် ဆောင်ရွက်လျက် ရှိတဲ့ အစီအမံများ၊ ပညာရေး ကဏ္ဍမှာ အဆင့်မြှင့်တင် ဆောင်ရွက်နေ မှုများ၊ လူသား ချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ များကို စနစ်တကျ လက်ခံနေမှုများ၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေ လုံခြုံရေး အစီ အမံများ၊ မူးယစ်ဆေးဝါး ပြဿနာများ၊ သတင်းမီဒီယာ ရယူခွင့် ဆိုင်ရာ ကိစ္စရပ်များ အပေါ် ဆွေးနွေးခဲ့တယ် လို့ မနေ့ က ထုတ်ပြန် ထားပါတယ်။

မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ဟာ ၎င်းတို့ ရဲ့ အပြီးသတ် အစီရင်ခံစာ နဲ့ ပတ် သတ်ပြီးတော့ ဒီကနေ့ ညနေ ရန်ကုန်မြို့ မှာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ် သွားမှာပါ။ ၎င်းတို့ ရဲ့ ကြားဖြတ် အစီရင်ခံစာ ကိုတော့ ပြီးခဲ့တဲ့ မတ်လ အတွင်းက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အကြံပေး ကော်မရှင်ကို ဦးဝင်းမြ၊ ဦးအေးလွင် ၊ဒေါက်တာသာလှရွှေ၊ ဒေါက်တာမြသီတာ၊ ဒေါက်တာ စောခင်တင့် နဲ့ ဦးခင်မောင်လေး တို့ ပါဝင်တဲ့ နိုင်ငံသား အဖွဲ့ ဝင် ၆ ဦးနဲ့ မစ္စတာ ဂါဆန် ဆလမီ၊ မစ္စ လတေးရှ ဗန် ဒန် အဆမ် နဲ့ မစ္စတာ ကိုဖီအာနန် တို့ ပါဝင်တဲ့ နိုင်ငံတကာ အဖွဲ့ ဝင် (၃) ဦး၊ စုစုပေါင်း (၉)ဦး နဲ့ ဖွဲ့ စည်း ထားပါတယ် ။ကော်မရှင်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်နဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့ က စတင်ဖွဲ့ စည်းခဲ့ပါတယ်။

20994302_870428399770811_5669251663052618662_n

ဖြိုးထက်အောင်
ဓါတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးရုံး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*