ဆိုင်ကယ် ရပ်နားရမယ့် နေရာ တည်ဆောက်ပေးဖို့ ကျောင်းတာဝန်ရှိသူတွေကို ပုသိမ်တက္ကသိုလ် ကျောင်းသမဂ္ဂဆန္ဒပြ တောင်းဆို

ဆိုင်ကယ် ရပ်နားရမယ့် နေရာ တည်ဆောက်ပေးဖို့ ကျောင်းတာဝန်ရှိသူတွေကို ပုသိမ်တက္ကသိုလ် ကျောင်းသမဂ္ဂဆန္ဒပြ တောင်းဆို
August 24, 2017 Fame Asian

1:48 pm
ဆိုင်ကယ် ရပ်နားရမယ့် နေရာ တည်ဆောက်ပေးဖို့ ကျောင်းတာဝန်ရှိသူတွေကို ပုသိမ်တက္ကသိုလ် ကျောင်းသမဂ္ဂဆန္ဒပြ တောင်းဆို

20992898_870464539767197_806901763958731348_nရန်ကုန် ၊ သြဂုတ် ၂၄

တက္ကသိုလ်အတွင်း ဆိုင်ကယ်ရပ်နားဖို့ နေရာတည်ဆောက်ပေးရန် ပုသိမ်တက္ကသိုလ်ကျောင်းအာဏာပိုင်တွေကို ပုသိမ်တက္ကသိုလ်ကျောင်းသမဂ္ဂက ဦးဆောင်ပြီး တစ်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

ပုသိမ်တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းဝင်းအတွင်း အမိုးအကာပါတဲ့ ဆိုင်ကယ်ရပ်နားရာနေရာ မရှိတာကြောင့် အခက်အခဲဖြစ်နေပြီး လက်ရှိရပ်နားနေရတဲ့ နေရာမှာလည်းလုံခြုံရေးအစောင့်မရှိတာကြောင့် အခုလိုတောင်းဆိုရတာဖြစ်တယ်လို့ ပုသိမ်ကျောင်းသားသမဂ္ဂ၊သမဂ္ဂဖွဲ့ စည်းပုံအခြေခံစည်းမျဉ်းရေးဆွဲရေးအဖွဲ့ ဥက္ကဌ ကိုအောင်သက်ပိုင်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

” ဆိုင်ကယ်စတန်းနဲ့ လုံခြုံရေးပြဿနာဖြစ်တဲ့ ပုသိမ်တက္ကသိုလ်၊ပြည်တက္ကသိုလ်၊ပခုက္ကူတက္ကသိုလ်တွေထဲက ပြည်နဲ့ ပခုက္ကူက အခုပြေလည်သွားပြီလို့ ကြားရပါတယ်။ကျွန်တော်တို့ ပုသိမ်တက္ကသိုလ်ပဲ ညှိနှိုင်းမှုမရှိဘဲ ခေါင်းရှောင်နေတာပါ။

အခုဆိုင်ကယ်ရပ်နေရတဲ့နေရာမှာက လုံခြုံရေးအစောင့်မရှိလို့ အပျောက်အရှတွေရှိပါတယ်။အစက ဆိုင်ကယ်ဦးထုပ်ပျောက် ၊ ထီးပျောက်လောက်ပဲရှိပေမယ့် အခုဆိုင်ကယ်သုံးလေးစီးပျောက်လာတဲ့အထိရှိလာတယ်။ကျွန်တော်တို့ ကိုယ်တိုင်ရဲနဲ့ ဆက်သွယ်ပြီး တိုင်ကြားထားရပါတယ်” လို့ သူကပြောပါတယ်။

ပုသိမ်တက္ကသိုလ်က ပါမောက္ခချုပ် ဒေါက်တာ ညွန့်ဖေအပါအ၀င် တက္ကသိုလ်က အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ကျောင်းသား (၂၀) ခန့်  နဲ့ ဝန်းရံသူအချို့ တို့ က ကျောင်းအတွင်းလှည့်လည်လမ်းလျောက်ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကတော့ ဒီကိစ္စဟာ တက္ကသိုလ်ပါမောက္ခချုပ်မှာသာတာဝန်ရှိတယ်လို့ ပြောကြားထားကြောင်း ကိုအောင်သက်ပိုင်ကပြောပါတယ်။ဆန္ဒပြမှုနဲ့ ပတ်သတ်ပြီး တက္ကသိုလ်တာဝန်ရှိသူများဘက်က
တစ်စုံတစ်ရာ တုံ့ ပြန်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*