5:26 pm

(နေပြည်တော် သြဂုတ် ၂၃)
ပဲမျိုးစုံကို အန္ဒိယမှ တင်သွင်းခွင့် ပိတ်ပင်လိုက်သည့် အတွက် ပဲဈေးကွက် အတွင်း မတည်မငြိမ် ဖြစ်ပေါ်နေသည့် အခြေအနေ များအပေါ် ကုန်သည်နှင့် တောင်သူများ နစ်နာမှု များစွာ မဖြစ်ပေါ်စေရန် သက်ဆိုင်ရာ ဌာနများနှင့် ပြည်တွင်းရှိ ကုန်စည်ဒိုင်(၁၀)ခု အပါအဝင် ပဲနှင့်နှမ်း ကုန်သည်များ အသင်းတို့ကိုပါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဖိတ်ခေါ် ထားပြီးတွေ့ ဆုံဆွေးနွေးမှု များပြုလုပ် သွားမည်ဟုသိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူနစ်ဦး က “ကုန်သည်တွေ အတွက် အများကြီး အခက်အခဲ ဖြစ်လာ ပါတယ်၊ ဒါကို ဘယ်လို ပုံစံမျိုးဖြေရှင်းသွားကြမလဲ ဆိုတာကို မျက်နှာ စုံညီဆွေးနွေးကြပါမယ်”ဟုဆိုသည်။
သြဂုတ်လ(၂၅) ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တွင်တွေ့ဆုံကြရန် စီစဉ်ထားပြီး ၎င်းဆွေးနွေးပွဲ ပြီးပါက နှစ်ဖက် အစိုးရတာဝန်ရှိ သူများအချင်းချင်း တွေ့ဆုံမှု များပြုလုပ်ကာ ယခုနှစ် အတွက် ပဲတင်ပို့မှု ပမာဏ တစ်ခုအထိ ခွင့်ပြုပေးနိုင် ရန်တောင်းဆို သွားမည်ဟုသိရသည်။
လက်ရှိတွင် ကုန်စည်ဒိုင်အသီးသီးရှိ ပဲကုန်သည်များ ထွက်ပေးတိမ်းရှောင်နေသည်ဆိုသည့် သတင်းများမှာ လုံးဝမဟုတ်မှန်ကြောင်းနှင့် ပဲဈေးကွက်တည်ငြိမ်စေရန်သာ ဈေးကွက်ကို ယာယီပိတ်ထားခြင်းဖြစ်ကြောင်း မူဆယ် ကုန်စည်ဒိုင်မှ ဦးစိုင်းဉာဏ် ကဆိုသည်။
အောင်ပြည့်စုံ