မျိုးသုဉ်း အန္တရာယ်နှင့် ရင်ဆိုင်နေရသော ဟိမ၀န္တာဝက်ဝံ ၂ကောင်ကို ဘေးမဲ့လွှတ်ပေး

မျိုးသုဉ်း အန္တရာယ်နှင့် ရင်ဆိုင်နေရသော ဟိမ၀န္တာဝက်ဝံ ၂ကောင်ကို ဘေးမဲ့လွှတ်ပေး
August 23, 2017 Fame Asian

4:06 pm
မျိုးသုဉ်း အန္တရာယ်နှင့် ရင်ဆိုင်နေရသော ဟိမ၀န္တာဝက်ဝံ ၂ကောင်ကို ဘေးမဲ့လွှတ်ပေး

pandaစစ်ကိုင်း ၊ သြဂုတ် ၂၃

မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ဟိမ၀န္တာဝက်ဝံ နှစ်ကောင် ကို စစ်ကိုင်းတိုင်းဒေသကြီး အတွင်းထဲက ထမံသီတောရိုင်း တိရစ္ဆာန် ဘေးမဲ့တော ထဲ ပြန်လွှတ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံသား ငှက်ထိန်းသိမ်းရေးအဖွဲ့ WCS မှသိရသည်။ဘေးမဲ့တော ထဲက ရနမ်အီဇူးဧရိယာ ထဲကို လွှတ်လိုက်ကြောင်း WCS က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဟိမ၀န္တာဝက်ဝံနှစ်ကောင်ကို အိန္ဒိယ-မြန်မာနယ်စပ်မှာ ဖမ်းမိရရှိခဲ့ခြင်းဖြစ်ပြီး၊ ခန္တီး ခရိုင် သစ်တောဦးစီးဌာနသို့ သြဂုတ်လ ၁၀ ရက် နေ့က ရောက်ရှိကာ ထိုမှတစ်ဆင့် ရေကြောင်းခရီးဖြင့် သြဂုတ်လ ၁၉ ရက်နေ့က ထမံသီဘေးမဲ့တောအတွင်းသို့ ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ယင်း ၀က်ဝံနှစ်ကောင်သည် Asian black bear (သိပ္ပံအမည်- Ursus Thibetanus) ၊ မြန်မာ အမည် ဟိမ၀န္တာဝက်ဝံဖြစ်ပြီး၊နှစ်ကောင်စလုံးမှာ တစ်နှစ်သားအရွယ်ခန့် ရှိမည်ဟု သက်ဆိုင်ရာ အဖွဲ့အစည်းက ခန့်မှန်း ထားသည်။

ဝက်ဝံအရွယ်အစားမှာ အရပ်က ၁ပေ ၄လက်မ၊ ခန္ဓာကိုယ်အရှည် ၂ပေ ၈ လက်မ၊လုံးပတ်က ၁ပေ ၈လက်မ ရှိပြီး နှစ်ကောင်စလုံးမှာ အမများဖြစ်သည်။

ထမံသီ  တောရိုင်းတိရစ္ဆာန်  ဘေးမဲ့တောထဲတွင် မလေးဝက်ဝံနှင့် ၀က်ဝံကြီး( ဟိမ၀န္တာဝက်ဝံ) ဟူ၍ နှစ်မျိုးရှိပြီး မလေးဝက်ဝံ၏ ရင်ဘတ်ပေါ်ရှိ U (ယူ-ပုံသဏ္ဍာန်)  အမှတ်အသားနှင့် အမွှေးမှာ ပါးကြောင်း ဟိမ၀န္တာဝက်ဝံ၏ ရင်ဘတ်ပေါ်တွင် V (ဗွီ-ပုံသဏ္ဍာန်) အမှတ်အသားနှင့် အမွှေးမှာ  မလေးဝက်ဝံထက် ပိုထူ၍ ပိုကြမ်းကြောင်းသိရသည်။

YL
Photo-WCS Myanmar

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*