တာချီလိတ်တွင် ရေကြီးပြီး မိချောင်းများပါလာသည်ဆိုသည့်သတင်းမဟုတ်မှန် (မြွှေအချို့သာမျှောပါလာခြင်းဖြစ်)

တာချီလိတ်တွင် ရေကြီးပြီး မိချောင်းများပါလာသည်ဆိုသည့်သတင်းမဟုတ်မှန် (မြွှေအချို့သာမျှောပါလာခြင်းဖြစ်)
August 22, 2017 Fame Asian

3:34 pm
တာချီလိတ်တွင် ရေကြီးပြီး မိချောင်းများပါလာသည်ဆိုသည့်သတင်းမဟုတ်မှန် (မြွှေအချို့သာမျှောပါလာခြင်းဖြစ်)

c

တာချီလိတ် ၊ သြဂုတ် ၂၂

ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ကစပြီး ဖေ့ဘွတ်လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ “တာချီလိတ်ဘက်မှာ ရေကြီးပြီး မိချောင်းတွေပါလာတယ်” ဆိုတဲ့သတင်းဟာ မဟုတ်မှန်ကြောင်း တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြန်လည်ရှင်းလင်းပါတယ်။

အဆိုပါပျံ့နှံ့ခဲ့တဲ့သတင်းမှာ မြန်မာနိုင်ငံမိုးရေကြီးမှုကြောင့် မိချောင်းကန်တစ်ခုကျိုးပေါက်ပြီး မိချောင်းကောင်ရေ တစ်ရာကျော် မြစ်အတွင်းလွတ်သွားကြောင်း ၊ ဒါကြောင့် မြစ်ကမ်းပါးအနားနေပြည်သူတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ ၊ ဖြစ်စဉ်ဟာ တာချီလိတ်ဘက်မှာဖြစ်ပွားတယ်ဆိုတဲ့အကြောင်းနဲ့ တာဝန်ရှိသူတွေက သတင်းဌာနတစ်ခုကိုပြောထားတယ်ဆိုတဲ့ အကြောင်းအရာကိုဖော်ပြထားပါတယ်။

ဒီသတင်းကို မျှဝေသူ ၅၀၀၀ ကျော်နဲ့ ကူးယူဖော်ပြသူ အမြောက်အများရှိခဲ့ပါတယ်။ဒီသတင်းဟာ လုပ်ကြံဖန်တီးထားတဲ့သတင်းနဲ့ဓါတ်ပုံတွေဖြစ်ကြောင်း ၊သြဂုတ် ၁၈ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ မယ်ဆိုင်ချောင်းရေကြောင့် တာချီလိတ်မြို့ရေကြီးမှုဖြစ်စဉ်မှာ မိချောင်းတွေပါလာတယ်ဆိုတာ မဟုတ်ကြောင်းနဲ့ ချောင်းရေနဲ့အတူ မြွေအချို့သာမျှောပါလာတာဖြစ်တယ်လို့ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဆိုပါတယ်။

YL
Photo- တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*