4:51 pm
ရန်ကုန် ၊ သြဂုတ် ၁၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျောက်ထားတဲ့ ပါတီ ၆ ခုရှိနေပြီး ၄င်းတို့ ကို စီစစ်နေဆဲ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အတွင်းရေးမှူး ဦးတင်ထွန်းက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
မှတ်ပုံတင်လျောက်ထားတဲ့ ၎င်းပါတီတွေကတော့ ပြည်သူ့ အလုပ်သမားပါတီ၊ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ၊ မျိုးချစ်ညီညွှတ်ရေးပါတီ၊ ပြည်သူ့ ဘ၀ဖွံ့ ဖြိုးတိုးတက်ရေးပါတီနဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီတို့ ဖြစ်တယ်လို့ သူကပြောပါတယ်။
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားပြီး စီစစ်ဆဲပါတီများထဲမှ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီရဲ့ အသုံးပြုမယ့်ပါတီအမည်နဲ့ အလံ၊တံဆိပ်တို့ ကို ကန့် ကွက်လိုပါက ခိုင်လုံတဲ့ အထောက်အထားများနဲ့ ကြေညာတဲ့နေ့ မှ (၇) ရက်အတွင်းကန့် ကွက်နိုင်တယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သြဂုတ်လ ၁၇ ရက်နေ့ ကကြေညာထားပါတယ်။လက်ရှိမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တရားဝင် မှတ်ပုံတင် အသိအမှတ်ပြုပြီးပါတီ(၉၄)ပါတီရှိနေပါတယ်။
ဖြိုးထက်အောင်