ရန်ကုန်တိုင်းလွှတ်တော်ကို ပြည်သူများက တိုင်ကြားကြတဲ့တိုင်စာများထဲ ဌာန ဆိုင်ရာဝန်ထမ်းများကို တိုင်ကြားတာအများဆုံးဖြစ်

ရန်ကုန်တိုင်းလွှတ်တော်ကို ပြည်သူများက တိုင်ကြားကြတဲ့တိုင်စာများထဲ ဌာန ဆိုင်ရာဝန်ထမ်းများကို တိုင်ကြားတာအများဆုံးဖြစ်
August 18, 2017 Fame Asian

1:59 pm
ရန်ကုန်တိုင်းလွှတ်တော်ကို ပြည်သူများက တိုင်ကြားကြတဲ့တိုင်စာများထဲ ဌာန ဆိုင်ရာဝန်ထမ်းများကို တိုင်ကြားတာအများဆုံးဖြစ်

GG

ရန်ကုန် ၊ သြဂုတ် ၁၆


ရန်ကုန်တိုင်းဒေသကြီး  လွှတ်တော်ကို  ပြည်သူများက တိုင်ကြားခဲ့တဲ့  တိုင်စာတွေထဲမှာ  ဌာနဆိုင်ရာဝန်ထမ်းများကို တိုင်တဲ့ တိုင်စာများ ကအများဆုံးပါဝင်ပြီး တရားရုံးများကို တိုင်ကြားတဲ့ တိုင်ကြားစာများလည်းပါဝင်တယ်လို့ ရန်ကုန်ုတိုင်းဒေသကြီးလွှတ်တော် ၊တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့်တိုင်ကြားစာများ အသနားခံစာများ  စိစစ်ရေးကော်မတီက  သိရပါတယ်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သက်တမ်းစတင်ကတည်းက ယခုအချိန်ထိ ယင်းကော်မတီကို တိုင်စာပေါင်း ၄၀၀ ကျော်ကို ပြည်သူများက ပေးပို့ တိုင်ကြားခဲ့ကြပြီး ၊ ဌာနဆိုင်ရာ ၀န်ထမ်းများကို တိုင်ကြားတဲ့ တိုင်စာများ၊အုပ်ချုပ်ရေးမှူးများကိုတိုင်ကြားတဲ့ တိုင်စာများ၊မီးလင်းရေးကော်မတီလို့ ဆိုတဲ့ အဖွဲ့ 
များရဲ့ ငွေကြေးအလွဲ သုံးစားလုပ်မှုများနဲ့ တရားရုံးများရဲ့ တရားစီရင်ရေးဆုံးဖြတ်ချက်များကို မကျေနပ်လို့ လာတိုင်ထားတဲ့တိုင်စာများက အများဆုံးဖြစ်နေတယ်လို့ 
ကော်မတီရဲ့ အဖွဲ့ ဝင် ဦးရန်အောင်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်

” ကျွန်တော်တို့ ကော်မတီအနေနဲ့ တိုင်စာတွေကို ဖတ်ပါတယ်။ပြီးတော့ ဘယ်တိုင်စာတွေကတော့ နစ်နာသူတွေကိုခေါ်ပြီးဆွေးနွေးသင့်တယ်ဆိုပြီး ကျွန်တော်တို့ 
ခေါ်ယူ အချက်အလက်တောင်းပါတယ်။တိုင်ကြားတဲ့အထဲက ဌာနဆိုင်ရာဝန်ထမ်းအချို့ က မတရားလုပ်ပါတယ်ဆိုပြီး တိုင်ထားတာတွေပါနေပါတယ်။ဒါတွေ
ကို ၀န်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရေးယူနိုင်ဖို့ အတွက် အစိုးရကိုကျွန်တော်တို့ အကြောင်းကြားသွားပါမယ်။အရင် ပုံစံတွေအတိုင်းလုပ်နေတာတွေက လက်ခံလို့ မရပါဘူး” လို့ သူကပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကော်မတီအနေနဲ့ လာမယ့် လွှတ်တော်ပုံမှန်အစည်းအဝေးမှာ အဆိုတစ်ခုတင်သွင်းသွားဖို့ ရှိနေပြီး ဌာနဆိုင်ရာဝန်ထမ်းများကို ခေါ်ယူပြီးအ
ချက်အလက်များမေးမြန်းဖို့ ရာမှာ တိုင်းအစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာရှိနေတာကြောင့် ဦးစွာ အကြောင်းကြားပြီးခွင့်ပြုချက်တောင်းခံရမှာဖြစ်တယ်လို့ ဦးရန်အောင်က
ပြောပါတယ်။

ရန်ကုန်ုတိုင်းဒေသကြီးလွှတ်တော်၊ တရားစီရင်ရေး ဥပဒေစိုးမိုးရေးနှင့်တိုင်ကြားစာများ အသနားခံစာများစိစစ်ရေးကော်မတီဟာ တိုင်ကြားလာတဲ့တိုင်စာတွေထဲ
က ၁၀၀ ကျော်ကို ဖြေရှင်းပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*