လိပ်ကျွန်းအမှု ထိုင်းနိုင်ငံအမြင့်ဆုံးတရားရုံးသို့ ရက်ပိုင်းအတွင်းအယူခံဝင်မည်

လိပ်ကျွန်းအမှု ထိုင်းနိုင်ငံအမြင့်ဆုံးတရားရုံးသို့ ရက်ပိုင်းအတွင်းအယူခံဝင်မည်
August 16, 2017 Fame Asian

2:28 pm
လိပ်ကျွန်းအမှု ထိုင်းနိုင်ငံအမြင့်ဆုံးတရားရုံးသို့ ရက်ပိုင်းအတွင်းအယူခံဝင်မည်

20914426_1944529635800607_7734742188074136636_n

ရန်ကုန်၊ သြဂုတ် ၁၆

သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၀င်းနဲ့ဇော် တို့နဲ့ပတ်သတ်ပြီး ထိုင်းနိုင်ငံရဲ့အမြင့်ဆုံးတရားရုံးသို့ အယူခံဝင်ခြင်းကို လာမယ့် သြဂုတ်လ ၂၁ ရက်နေ့မှာ ဆောင်ရွက်မယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံရဲ့အဆင့်အမြင့်ဆုံး တရားရုံးကို အယူခံတင်သွင်းမယ့် Deka ကော့တောင်ကျွန်းအမှု့အတွက် အဓိက အချက်ကြီးပေါင်း(၁၁)ချက် ၊ အားသာချက်ပေါင်း(၁၇)ချက်ကို အခြေခံပြီးရေးသားထားကြောင်းနဲ့ ဒီအချက်တွေထဲမှာ မြန်မာနိုင်ငံဘက်က ပေးထားတဲ့ ဥပဒေအကြံဉာဏ်များကိုလည်းသုံးထားတယ်လို့ ထိုင်းရှေ့နေများကောင်စီအဖွဲ့ကပြောကြောင်း မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့် ထံက သိရပါတယ်။

အဆိုပါ အယူခံ အတွက် မြန်မာနိုင်ငံတော်အစိုးရ၊ မြန်မာသံရုံး၊ မြန်မာသံရုံးအထူးအဖွဲ့ ၊ ထိုင်းရှေ့နေများကောင်စီတို့ ပူးပေါင်း
ကြိုးစားခဲ့ကြတယ်လို့သိရပါတယ်။

ဦးအောင်မျိုးသန့်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ယခုကဲ့သို့သေဒဏ်ကျခံရမည့်အမှု့မျိုးတွင် ရာနှုန်ပြည့် ချွင်းချက်မရှိသော သက်သေအထောက်အထားများရှိရမည်ဖြစ်သော်လည်း မရှိခဲ့ပါ။

တရားခံများအနေနှင့်မျှတသည့်တရားရင်ဆိုင်မှု့ကိုမရရှိခဲ့ခြင်းကို များစွာတွေရှိခဲ့ရပါတယ်။ရဲစခန်းတွင်ဝန်ခံသည်ဆိုခြင်းမှာ

တရားစွဲအဖွဲ့အနေနှင့်လုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွက်ခဲ့ပါသလား?

အချင်းဖြစ်နေရာမှ သက်သေခံများကို ပြည့်စုံစွာသိမ်းခဲ့ပါသလား?

ထိုသို့သိမ်းဆည်းရာတွင် လုပ်ထုံလုပ်နည်းနှင့်ညီသောအဖွဲ့ဖြစ်ခဲ့ပါသလား?

CCTV မှတ်တမ်းတွင် လူသတ်လက်နက်ပေါက်တူးကိုမည်သူလာခြင်းဖြစ်သလဲ?

ပိုင်ရှင်ကဘယ်သူလဲ?

သက်သေခံသိမ်းဆီးသော iPhone 4 အနက်ရောင်သည်အမှန်ပင် David ၏ဖုန်းဖြစ်ပါသလား?

ထိုဖုန်း၏ကုတ်နံပါတ်များသည် အင်္ဂလန်နိုင်ငံ မည်သူ့ထံက ရရှိတိုက်ဆိုင်စစ်ဆေးခြင်းဖြစ်သလဲ?

DNA စစ်ဆေးခြင်းများသည် အပြည်ပြည်ဆိုင်ရာဆောင်ရွက်မှု့များနှင့် ကိုက်ညီပါ၏လော?တရားရုံးသို့တင်ပြသော DNA စစ်ဆေးချက်မှတ်တမ်းများတွင် မည်သည့်အတွက် ပြုပြင်ချက်များပါနေပါသလဲ?

သေဒဏ်ပေးခံခဲ့ရသော ဝင်း နှင့်ဇော်တို့သည့် အားနည်းချက်များစွာဖြင့် ရှုပ်ထွေးမှု့များစွာ ရှိသော အရှုပ် တော်ပုံအကြားရောက်ရှိနေခြင်းမှ လွတ်မြောက်ကြရန်သာဖြစ်ပါတယ်” လို့ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက် ပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၀င်းနဲ့ဇော်ဟာ လူသတ်မှုနှင့် သတင်းထိန်ချိန်မှုအတွက် သေဒဏ်၊ အဓမ္မပြုကျင့်မှုအတွက် အနှစ် ၂၀၊ ပစ္စည်းခိုးယူမှု ၂ နှစ်၊ ည အချိန်မတော်နေထိုင်မှု ၁ နှစ် ၆ လ၊ နိုင်ငံခိုးဝင်မှု ၆ လ၊ နိုင်ငံအတွင်း တရားမဝင်နေထိုင်မှု ၆ လ၊ စတဲ့ပြစ်ဒဏ်များနဲ့ ၂၀၁၅ ခုနှစ်က ကော့စမွီတရားရုံးမှ ပထမအကြိမ်သေဒါဏ်ကို ချမှတ်ခံခဲ့ရပါတယ်။

အယူခံဝင်ခဲ့ပေမယ့် လည်း အယူခံတရားရုံးက ၂၀၁၇ ခု၊ မတ်လ ၁ ရက်နေ့မှာ ဒုတိယအကြိမ် အဖြစ် သေဒဏ်ကိုသာ မပြောင်းလဲဘဲချမှတ်ခဲ့ပါတယ်။အခုတစ်ကြိမ်ကတော့ ထိုင်းနိုင်ငံရဲ့ အဆင့်အမြင့်ဆုံးတရားရုံးကိုအယူခံဝင်မှာဖြစ်ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*