ယခုနှစ် ၇ လကျော်ကာလအတွင်း ကမ်းပါးပြိုမှုကြောင့် လူတစ်သောင်းကျော်ဘေးဒုက္ခရောက် / အိမ်ခြေ ၂၇၀၀ ကျော်ရွှေ့ပြောင်းခဲ့ရ

ယခုနှစ် ၇ လကျော်ကာလအတွင်း ကမ်းပါးပြိုမှုကြောင့် လူတစ်သောင်းကျော်ဘေးဒုက္ခရောက် / အိမ်ခြေ ၂၇၀၀ ကျော်ရွှေ့ပြောင်းခဲ့ရ
August 10, 2017 Fame Asian

4:02 pm
ယခုနှစ် ၇ လကျော်ကာလအတွင်း ကမ်းပါးပြိုမှုကြောင့် လူတစ်သောင်းကျော်ဘေးဒုက္ခရောက် / အိမ်ခြေ ၂၇၀၀ ကျော်ရွှေ့ပြောင်းခဲ့ရ

20728279_1941835556070015_384819157969635527_n

ရန်ကုန်၊သြဂုတ် ၁၀

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၇ခုနှစ်အတွင်း ကမ်းပြိုဘေးဖြစ်ပွားမှုကြောင့် လူဦးရေ ၁၁၇၂၀ကျော် ဘေးဒုက္ခရောက်ကာ အိမ်ခြေ ၂၇၀၂လုံးပြောင်းရွှေ့ခဲ့ ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းကျော်ဌေးကပြောသည်။

“မြန်မာနိုင်ငံမှာ ပင်လယ်ကမ်းစပ်၊မြစ်ချောင်းနဲ့နီးတဲ့ဒေသမှာ ကမ်းပြိုမှုတွေဖြစ်တယ်။အဖြစ်အများဆုံးကတော့ ဧရာဝတီပဲ။အိမ်ခြေ ၁၁လုံးဝပျက်စီးသွားတယ်။ဘေးသင့်
လူဦးရေက ဒီကနေ့စာရင်းအရဆို သောင်းကျော်ရှိတယ်”ဟု ၎င်းကဆိုသည်။

ယနေ့ထုတ်ပြန်သော စာရင်းများအရ ကချင်၊ကရင်၊မွန်၊စစ်ကိုင်း၊မကွေး၊ရန်ကုန်၊မန္တလေး၊ဧရာဝတီနှင့်ပဲခူးတို့တွင် ဖြစ်ပွားသောကမ်းပြိုမှုသည် အိမ်ခြေ ၁၁လုံး လုံးဝပျက်စီးပြီး ၂၆၉၀အိမ်ထောင်စုဘေးသင့်စေခဲ့ကြောင်း ယင်းက ထပ်လောင်းဆိုသည်။

ကမ်းပြိုဘေးကြောင့် ဘာသာရေး အဆောက်အအုံ၅လုံးတစိတ်တပိုင်းပျက်စီးခဲ့ကြောင်းလည်းသိရသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် ဘေးသင့်အိမ်ထောင်စု ၂၆၉၀စုနှင့် ကမ်းပြိုဘေးသင့်ပြည်သူ ၁၁၇၂၀ဦးတို့အတွက် ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်း
တန်ဖိုးစုစုပေါင်း ၃၃၆၂၁၅၉၉၈ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းကျော်ဌေးကပြောသည်။

သီဟ

ပုံစာ- တွံတေးတူးမြောင်း ကမ်းထိန်းနံရံ ပြိုကျနေမှု
Photo- Yangon police

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*