စည်းကမ်းမလိုက်နာသည့် ကားအရောင်းစင်တာများကိုပိတ်သိမ်းရန် ကြီးကြပ်မှုကော်မတီအစည်းအဝေးအပြီးတွင် ဆုံးဖြတ်ခဲ့

စည်းကမ်းမလိုက်နာသည့် ကားအရောင်းစင်တာများကိုပိတ်သိမ်းရန် ကြီးကြပ်မှုကော်မတီအစည်းအဝေးအပြီးတွင် ဆုံးဖြတ်ခဲ့
August 10, 2017 Fame Asian

4:18 pm
စည်းကမ်းမလိုက်နာသည့် ကားအရောင်းစင်တာများကိုပိတ်သိမ်းရန် ကြီးကြပ်မှုကော်မတီအစည်းအဝေးအပြီးတွင် ဆုံးဖြတ်ခဲ့

car
နေပြည်တော်၊ သြဂုတ် ၁၀

ကားအရောင်းစင်တာများအတွက် သတ်မှတ်ချက်စည်းကမ်းများထုတ်ပြန်ထားဖြစ်ပြီး ယင်းတို့ကိုလိုက်နာခြင်းမရှိသည့် ကားအရောင်းစင်တာများကို ပိတ်သိမ်းရန် ယမန်နေ့ကကျင်းပခဲ့သည့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောကြီးကြပ်မှုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

မော်တော်ယာဉ်များတင်သွင်းရောင်းချရန် အရောင်းစင်တာများဖွင့်လှစ်လိုပါက သတ်မှတ်ထားသည့်မြေနေရာအကျယ်အဝန်းနှင့်ဂိုဒေါင်များပါရှိရန်လိုအပ်ပြီး အမှန်တကယ် မြေပြင်တွင်မရှိသည့် နာမည်ခံကားအရောင်းစင်တာများကိုစီစစ်ပြီး ပိတ်သိမ်းမှုများဆောင်ရွက်သွားမည်ဟု သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက” အရောင်းစင်တာ (၇၀)ကျော်လောက်ရှိနေပါတယ်၊တကယ်တမ်းမြေပြင်မှာ ကုမ္မဏီရုံးခန်းဂိုဒေါင်တွေမရှိဘဲ ပါမစ်တွေလျှောက်ပြီးတဆင့်ပြန်ရောင်းစားတာတွေလုပ်နေလို့ အခွန်ကိစ္စရှင်းလင်းတာတွေလုပ်ပြီး ပိတ်သိမ်းဖို့ ကြေငြာမှာပါ”ဟုဆိုသည်။

လက်ရှိအချိန်တွင် အစိုးရမှ ပြည်ပမှကားတင်သွင်းမှုများကို လျှော့ချလိုသည့် မူဝါဒများထုတ်ပြန်နေပြီးပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်နိုင်ရန် ဦးစားပေးစီစဉ်လျှက်ရှိနေသည်။အရောင်းစင်တာများအပြင်အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိဘဲအမည်ခံ ကုမ္မဏီများဖြင့်ကားတင်သွင်းသည့်ပါမစ်များလျှောက်ပြီးတဆင့်ပြန်လည်ရောင်းချနေမှုများကိုလည်း စီစစ်မှုများပြုလုပ်သွားရန် စီစဉ်နေသည်။

ယခုအကြိမ် ကျင်းပသည့်ကြီးကော်အစည်းအဝေးအပြီးတွင် လာမည့်နှစ်အတွက် CIFတန်ဖိုးသစ်ထုတ်ပြန်မည်မဟုတ်ဘဲ လေလံအောင်သည့်မူရင်းဈေးနှုန်းအတိုင်းသာ အခွန်ပေးဆောင်ရန်စီစဉ်နေသည်ဆိုသည့် သတင်းများလည်းထွက်ပေါ်လာသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*