မြန်မာနိုင်ငံမှာ အဝေးသင်တက်နေတဲ့ကျောင်းသား ၅ သိန်းနီးပါးရှိတယ်လို့ ပညာ ရေးဝန်ကြီးဆို

မြန်မာနိုင်ငံမှာ အဝေးသင်တက်နေတဲ့ကျောင်းသား ၅ သိန်းနီးပါးရှိတယ်လို့ ပညာ ရေးဝန်ကြီးဆို
August 10, 2017 Asian Fame

6:49 pm
မြန်မာနိုင်ငံမှာ အဝေးသင်တက်နေတဲ့ကျောင်းသား ၅ သိန်းနီးပါးရှိတယ်လို့ ပညာ ရေးဝန်ကြီးဆို

uni

ရန်ကုန် ၊ သြဂုတ် ၁၀

မြန်မာနိုင်ငံမှာ အဝေးသင်ကျောင်းသား ၅ သိန်းနီးပါးရှိနေတယ်လို့ပညာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။ ရန်ကုန်မြို့ ရှိ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဆရာဆရာမများ၊ကျောင်းသားများနဲ့ ပြည်ထောင်စုဝန်ကြီးဟာ ရန်ကုန်ပညာတက္ကသိုလ်မှာ မနေ့ က တွေ့ ဆုံခဲ့ပါတယ်။

တွေ့ ဆုံစဉ်မှာ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သတ်ပြီး ပြောကြားရာမှာ ထည့်သွင်းပြောကြား သွားတာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့သတင်း ပြန်ကြားရေးစာမျက်နှာထက်က ထုတ်ပြန်ထားချက်အရသိရပါတယ်။ လက်ရှိမှာ အခြေခံပညာကျောင်းပေါင်း ၄၆၀၀၆ ကျောင်းရှိနေပြီးဆရာ ဆရာမပေါင်း(၃)သိန်း ၆ သောင်းကျော်ရှိကြောင်း၊ ပုဂ္ဂလိကနဲ့  ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အပါ အ၀င် ကျောင်းသား ကျောင်းသူ မူလတန်း အလယ်တန်း အထက်တန်း စုစုပေါင်း (၉)သန်းခွဲရှိကြောင်းနဲ့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာကျေးလက်နဲ့ ဝေးလံတဲ့ဒေသများမှကျောင်းပေါင်း(၅၀၉၉) ကျောင်းကို အဆင့်တိုး မြှင့်ပေးခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ တက္ကသိုလ် ဒီဂရီကောလိပ်ပေါင်း(၁၇၀)ကျော်ရှိပြီး (၁၃၂) ကျောင်းဟာ ပညာရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*