ရွှေလီတွင် တရားမဝင် နေထိုင်သူများကို ဖမ်းဆီးအရေးယူမည်ဟု တရုတ် အစိုးရကြေငြာ

ရွှေလီတွင် တရားမဝင် နေထိုင်သူများကို ဖမ်းဆီးအရေးယူမည်ဟု တရုတ် အစိုးရကြေငြာ
August 9, 2017 Asian Fame

1:45 pm
ရွှေလီတွင် တရားမဝင် နေထိုင်သူများကို ဖမ်းဆီးအရေးယူမည်ဟု တရုတ် အစိုးရကြေငြာ

ShweLee(နေပြည်တော် သြဂုတ် ၉)

တရုတ်မြန်မာ နယ်စပ်မြို့ဖြစ်သော ရွှေလီမြို့ သို့သွားရောက်နေထိုင် အလုပ်လုပ်ကိုင်နေ ကြသည့် မြန်မာ လူမျိုးများ အပါ အဝင် နိုင် ငံခြားသား များအားလုံးကို တရားဝင် အထောက်အထား ခိုင်လုံစွာရှိရန် လိုအပ်ပြီး တရားမဝင် နေထိုင်လုပ်ကိုင်နေပါက အထူး ရှင်းလင်းရေးစီမံချက်ဖြင့်အရေးယူသွားမည်ဟု ရွှေလီမြို့ပြည်သူ့အစိုးရမှကြေငြာထားသည်။

၎င်းကြေငြာချက်အရ ယခုလ(၇)ရက်နေ့မှ စတင်ကာ တရားမဝင် ပြည်ဝင်ခြင်း၊ တရား မဝင်နေထိုင်ခြင်းနှင့် တရားမဝင် အလုပ်လုပ်ခြင်း များအတွက် ရှင်းလင်းခြင်း စီမံချက်ဖြင့် အမှုဖွင့် အရေးယူသွားမည်ဟု သိရသည်။

မူဆယ်မြို့တွင် နေထိုင်ပြီးနေ့စဉ် ရွှေလီမြို့သို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် ကိုချစ်ကို က”မြန်မာတွေ အတွက် နေ့စဉ် နယ်စပ်ဖြတ်တဲ့ ကဒ်လုပ်ပြီး သွားလို့ရပါတယ် ကျနော်တို့လဲ ဒီလိုပဲ လုပ်သွားတာပါ၊ ဟိုမှာနေပြီး အလုပ်လုပ်ရင်လဲ တရားဝင် ချိတ်ဆက်ပြီး လုပ်ရင်တော့ အန္တရယ်ကင်းတာပေါ့”ဟု ဆိုသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ပြည်ဝင်ပြည်ထွက် ဥပဒေများကို လေးစား လိုက်နာကြရန် လိုအပ်ပြီး လိုက်နာခြင်း မရှိပါက ရဲဌာနမှ တရား ဥပဒေအရ စီမံဆောင်ရွက်မည် ဟုကြေငြာချက်တွင် ထည့်သွင်းထားသည်။

မူဆယ်မှ ရွှေလီသို့ သွားရောက် အလုပ်လုပ်ကိုင် နေကြသူများ အနေဖြင့်(၆) ညအိပ်(၇)ရက်စာ နေထိုင်ခွင့် ကဒ်များကို နယ်စပ်ဂိတ် များ တွင်ပြုလုပ်နိုင်ပြီး မြန်မာငွေ တစ်ထောင်ကျပ်သာ ကျသင့်မည်ဖြစ်သည်။ ရက်ရှည်နေထိုင် အလုပ်လုပ်ကိုင်ကြ သူများအနေဖြင့် တရား ဝင်နေထိုင်ခွင့် အထောက်အထားနှင့် တရားဝင် အလုပ်လုပ်ခွင့် စာရွက်များ ရှိရန်လိုအပ်သည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*