လက်​လုပ်​မိုင်း​ထောင်​​နေစဉ်​ ​ပေါက်​ကွဲ၍ ၂ ဦး​သေ

လက်​လုပ်​မိုင်း​ထောင်​​နေစဉ်​ ​ပေါက်​ကွဲ၍ ၂ ဦး​သေ
August 9, 2017 Fame Asian

11:26 am
လက်​လုပ်​မိုင်း​ထောင်​​နေစဉ်​ ​ပေါက်​ကွဲ၍ ၂ ဦး​သေ

mineရန်‌ကုန်‌၊သြဂုတ်‌ ၉

ကချင်‌ပြည်‌နယ်‌ မိုးကောင်းမြို့နယ် ဆီးဒီးယံ နှင့် နနွန်အကြားရှိ ရင်ခွဲတောင်အတတ်အနီးတွင်‌ လက်‌လုပ်‌‌မိုင်းလာ‌ရောက်‌တပ်‌ဆင်‌‌သူနှစ်‌ဦး မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်‌ကာသေဆုံးခဲ့‌မှု သြဂုတ်‌လ၉ရက်‌‌နေ့ကဖြစ်ပွားခဲ့သည်။

“မိုင်းလာ‌ထောင်‌တဲ့သူနှစ်‌ဦးက‌တော့ ပွဲချင်းပြီးဆုံးသွားတယ်‌။အမည်‌မသိအရပ်‌ဝတ်‌နဲ့ လာ‌ရောက်‌‌ဖောက်‌ခွဲတာပါ။ဘယ်‌အဖွဲ့အစည်းကဆိုတာ စုံစမ်း‌နေပါတယ်‌။‌သေသူ‌တွေဘယ်‌မှာ‌နေတာလဲဆိုတာ‌တောင်‌မသိသေးဘူး။မနက် ၈ နာရီလောက်မှာဖြစ်‌သွားတာပါ။ “ဟု နမ္မတီးမြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်‌‌ဇော်‌လွန်း‌အောင်‌က‌ပြောသည်‌။

ယင်းဖြစ်စဉ်ဖြစ်ပွားရာ အနီးပတ်ဝန်းကျင်တွင် ထိခိုက်‌ပျက်‌စီးမှု တစ်‌စုံတစ်‌ရာမရှိခဲ့‌ကြောင်းနှင့်‌ နယ်‌‌မြေလုံခြုံ‌ရေးကို တင်းကြပ်‌စွာ‌ဆောင်‌ရွက်‌‌နေ‌ကြောင်း‌ ၎င်းက‌ပြောသည်‌။

လက်‌လုပ်‌မိုင်း‌ဖောက်‌ခွဲမှုအား အ‌ရေးယူရန်‌ မြောက်ပ်ုင်းတိုင်းစစ်ဌာနချုပ်က ဆုံးဖြတ်‌ချက်‌ချမည်‌ဖြစ်‌ပြီး လက်‌ရှိတွင်‌ သေဆုံးနှစ်‌ဦးအား သဂြိုလ်‌ရန်‌စီစဉ်‌‌နေ‌ကြောင်းသိရသည်‌။

သီဟ
photo.. နမ္မတီးရဲစခန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*