၈၈၈၈ အရေးတော်ပုံနေ့ ကို မြန်မာ့ ဒီမိုကရေစီ နေ့  အဖြစ်တရားဝင် သတ်မှတ် ဂုဏ်ပြုပေးဖို့ နိုင်ငံတော် အကြီးအကဲထံ တင်ပြ

၈၈၈၈ အရေးတော်ပုံနေ့ ကို မြန်မာ့ ဒီမိုကရေစီ နေ့  အဖြစ်တရားဝင် သတ်မှတ် ဂုဏ်ပြုပေးဖို့ နိုင်ငံတော် အကြီးအကဲထံ တင်ပြ
August 8, 2017 Asian Fame

11:04 am
၈၈၈၈ အရေးတော်ပုံနေ့ ကို မြန်မာ့ ဒီမိုကရေစီ နေ့  အဖြစ်တရားဝင် သတ်မှတ် ဂုဏ်ပြုပေးဖို့ နိုင်ငံတော် အကြီးအကဲထံ တင်ပြ

88(ရန်ကုန် ၊ သြဂုတ် ၈)

၈၈၈၈ အရေးတော်ပုံနေ့ ဖြစ်တဲ့ သြဂုတ်လ ၈ ရက်နေ့ ကို မြန်မာ့ဒီမိုကရေစီ နေ့  အဖြစ် တရားဝင် သတ်မှတ် ဂုဏ်ပြုပေး ဖို့ နဲ့ ပြန်တမ်း ၀င် ရုံးပိတ်ရက် အဖြစ်ကြေညာပေးဖို့ နိုင်ငံတော် သမ္မတ နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ ထံ တင်ပြထားတယ် လို့ နိုင်ငံေ ရး အကျဉ်း သားဟောင်း များအဖွဲ့ က ဦးထွန်းကြည် ကပြောပါတယ်။

ဒီကနေ့ မှာ ကျရောက်တဲ့ ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံနေ့ ၂၉ နှစ်မြောက် အထိမ်းအမှတ် အနေ နဲ့ ရန်ကုန်မြို့ ၊မြို့ တော် ခန်းမရှေ့  မှာ နိုင်ငံရေး အဖွဲ့အစည်းအသီး သီးက ကျင်းပခဲ့ပါတယ်။ အရေးတော်ပုံနေ့ မှာကျဆုံးခဲ့တဲ့ ရဟန်းရှင်လူအပေါင်း ကို မေတ္တာ ပို့ အမျှဝေ အစီအစဉ်ကိုလည်း ဘာသာပေါင်းစုံက ထုံးတမ်းစဉ်လာများနဲ့  ဆောင်ရွက်ခဲ့ပါတယ်။

” ၈၈၈၈ မှာ ကျဆုံးခဲ့တဲ့ အာဇာနည် သူရဲကောင်းတွေရယ် ထောင်ကျတန်းကျ ဘ၀ပျက်ခဲ့ရတဲ့ ဒီမိုကရေစီကိုချစ်မြတ်နိုးတဲ့ပြည်သူ လူထု အားလုံးကို ဂုဏ်ပြုရာရောက်တယ်။ အဲဒါမို့ ကျွန်တော်တို့ သက်ရှိ ထင်ရှားရှိနေတဲ့ အချိန်မှာ ဒါကို မြန်မာ့ ဒီမိုက ရေစီနေ့ အဖြစ် ဖြစ် ထွန်းပေါ်ပေါက်အောင် ကြိုးပမ်း ဆောင်ရွက်သွားမယ်။ ဖြစ်လည်း ဖြစ်ထိုက်ပါတယ်။ ဂုဏ်လည်းပြု ထိုက်ပါတယ်။” လို့ ဦးထွန်းကြည် ကပြောပါတယ်။

သြဂုတ်လ ၈ ရက်နေ့ ကို မြန်မာ့ ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်ပေးနိုင်ရန် လက်မှတ်ရေးထိုးတဲ့ ကမ်ပိန်းကို ယခုလ ၁ ရက်နေ့ မှ စတင်ပြုလုပ်နေပြီး လက်ရှိရထား သလောက် လက်မှတ်များကို နိုင်ငံတော် သမ္မတ ၊နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ မင်္ဂလာတောင်ညွှန့် မြို့ နယ် မှလွှတ်တော်ကိုယ်စားလှယ် တို့ ကို သြဂုတ်လ ၄ ရက်နေ့ က ပေးပို့ ခဲ့တယ် လို့ သိရပါတယ်။

ဆက်လက်ပြီး ပြည်သူ့ လွှတ်တော် နဲ့ အမျိုး သားလွှတ်တော် ကိုယ်စားလှယ်များထံ ဆက်လက်ပေးပို့ ဆောင်ရွက်သွားမယ်လို့  လည်း ဦးထွန်းကြည်က ဆက်ပြောပါတယ်။ ၈၈၈၈ အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် အဖွဲ့ အစည်းအသီးသီးက သ၀ဏ် လွှာများ ထုတ်ပြန် ခဲ့ကြပါတယ်။

ဖြိုးထက်အောင်

ဓါတ်ပုံ-ကောင်းစွမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*