5:43 pm
ရန်ကုန် ၊ သြဂုတ် ၈
ဆေးတက္ကသိုလ်၅ခုက ယခုနှစ် မှာ လက်ခံသင်ကြားပေးသွားမယ့် ကျောင်းသားဦးရေကို မနှစ်ကထက် ၃၀၀ဦး လျှော့ချ လက်ခံသွားမယ်တရားဝင်ကြေညာပါတယ်။
၂၀၁၆ ခုနှစ်က ဆေး ၁ရန်ကုန်၊ဆေးတက္ကသိုလ် မန္တလေး၊ဆေးတက္ကသိုလ်မကွေး၊ဆေး ၂ ရန်ကုန်နဲ့ ဆေးတက္ကသိုလ် တောင်ကြီးတို့ က ကျောင်းသားဦးရေ စုစုပေါင်း၁၆၀၀ ခေါ်ခဲ့ပေမယ့် လို့ ယခုနှစ်မှာတော့ ၁၃၀၀ ဦးသာ ခေါ်မယ့်အကြောင်း ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ထဲထည့်သွင်းကြေညာထားတာပါ။
ယခုလိုလျော့ခေါ်တာဟာ တက္ကသိုလ်ဝင်ခွင့်စီစစ်ရေးအဖွဲ့ ကနေ ဆုံးဖြတ်ချက်ကြောင့်လို့သိရပါတယ်။၂၀၁၁ ခုနှစ်ကဆိုရင် ၂၄၀၀ အထိ လက်ခံခဲ့တာပါ။
ဒါပေမယ့် လည်း၂၀၁၄ ခုနှစ်ကျတော့ ၁၂၀၀ ဦးရေ အထိလျှော့ခေါ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ၁၅၀၀ ထိ တိုးခေါ်ခဲ့ပြန်ပါတယ်။သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)နဲ့ (မန္တလေး)တို့ ကတော့ ယခင်နှစ်ကအတိုင်းပဲ တစ်ကျောင်းကိုဦးရေ ၁၀၀ စီခေါ်မှာဖြစ်ပြီးတော့ ဆေးဝါးတက္ကသိုလ်နှစ်ခု မှာတော့မနှစ်ကထက် လူဦးရေ ၂၅စီ တိုးခေါ်ထားတဲ့အတွက် ကျောင်း၂ကျောင်းပေါင်း၃၅၀ ထိ ဝင်ခွင့်လက်ခံသွားမှာပါ။
ထို့ အတူဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်( ရန်ကုန်)နဲ့ (မန္တလေး) တို့ မှာ မနှစ်က၃၂၀ ဦးရေခေါ်ခဲ့ပေမယ့် ယခုနှစ်မှာ ၄၈၆ ဦးထိ လက်ခံသင်ကြားပေးမယ်လို့ကြေညာထားပါတယ်။
သူနာပြုတက္ကသိုလ်(ရန်ကုန်)နဲ့ (မန္တလေး) နှစ်ကျောင်းပေါင်းကို မနှစ်ကအတိုင်းပဲ မပြောင်းလဲဘဲ ၄၀၀ ဦးခေါ်သွားမှာပါ။ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)နဲ့ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တို့ ကလည်း ၂၀၀ဦးရေနဲ့ ၁၅၀ ဦးရေတို့ ခေါ်ယူသွားမှာထပ်မံသိရပါတယ်။
ဖြိုးထက်အောင်