အနောက်ဖက် ကမ်းလွန်ဒေသတွင် သဘာဝဓါတ်ငွေ့ လုပ်ကွက်သစ် ရှာဖွေတွေ့ရှိ

အနောက်ဖက် ကမ်းလွန်ဒေသတွင် သဘာဝဓါတ်ငွေ့ လုပ်ကွက်သစ် ရှာဖွေတွေ့ရှိ
August 7, 2017 Fame Asian

3:47 pm
အနောက်ဖက် ကမ်းလွန်ဒေသတွင် သဘာဝဓါတ်ငွေ့ လုပ်ကွက်သစ် ရှာဖွေတွေ့ရှိ

20664102_1804328783161429_2285018391165981806_n

နေပြည်တော် သြဂုတ် ၇

မြန်မာနိုင်ငံ အနောက်ဖက် ကမ်းလွန်ဒေသတွင် နိုင်ငံသားပိုင် MPRL E&P ကုမ္မဏီမှ ဦးဆောင်ပြီး ကမ်းလွန် သဘာဝ ဓါတ်ငွေ့ လုပ်ကွက်သစ် တစ်ခု ရှာဖွေ့တွေ့ရှိခဲ့ကြောင်း နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးရုံးတွင် ယနေ့ကြေငြာခဲ့သည်။

အဆိုပါကမ်းလွန် လုပ်ကွက် အမှတ်A-6 ကို ၂၀၁၂ခုနှစ်တွင်စတင်တူးဖော်ခဲ့ပြီး ယခုအခါ ၎င်းလုပ်ကွက် အတွင်းရှိ စမ်းသပ်တွင်း (၃)တွင်း စလုံးမှ သဘာဝဓါတ်ငွေ့ ထုတ်ယူနိုင်သည်ကို တွေ့ရှိရကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က သဘာဝဓါတ်ငွေ့ လုပ်ကွက်သစ် ရှာဖွေတွေ့ရှိခဲ့မှု အပေါ်” တိုင်းပြည် အတွက် ကုသိုလ် ကံကောင်းဖို့ ဖြစ်လာပါတယ်၊ ရှာဖွေတွေ့ရှိခဲ့တဲ့ အတွက် နောက်ပိုင်း မှာနိုင်ငံခြား ကုမ္မဏီကြီးတွေ ကနေ နည်းပညာတွေခေတ်မှီ တွင်းတူးစက်ကြီးတွေ နဲ့ ပါဝင်လာပြီး အချိန်တို အတွင်းမှာ အခုလို အောင်အောင်မြင်မြင် တူးနိုင် ခဲ့ခြင်းဖြစ်ပါတယ်”ဟု ဆိုသည်။

ယခု ရှာဖွေတွေ့ရှိမှုအရ စမ်းသပ်တွင်း ပြည်သစ်(၁)မှတစ်ရက်လျှင် သဘာဝ ဓါတ်ငွေ့ကုဗပေသန်း(၅၀) ထုတ်နိုင် ယူကြောင်း သိရသည်။ သဘာဝဓါတ်ငွေ့သိုက် အမှန်တကယ် ရှိမရှိကို ရှာဖွေရေးတွင်း၊ အကဲဖြတ်တွင်း များ ဆက်လက် တူးဖော် သွားမည်ဖြစ်ပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်ကြောင်း အသိအမှတ်ပြုနိုင်ရန် နိုင်ငံတကာ မှပညာရှင်အဖွဲ့များ (Third Party) ကိုခေါ်ယူ စစ်ဆေး သွားမည် ဟု ကြေငြာခဲ့သည်။

ယခုတွေ့ရှိရသည့် ကမ်းလွန် သဘာဝဓါတ်ငွေ့လုပ်ကွက်သစ်မှ စီးပွားဖြစ် သဘာဝဓါတ်ငွေ့များကို ထုတ်ယူနိုင်မည် ဆိုပါက ရတနာ ၊ဇောတိကနှင့် ရဲတံခွန် ကမ်းလွန်သဘာဝ ဓါတ်ငွေ့ လုပ်ကွက် များကဲ့သို့ နိုင်ငံတော် အတွက် လိုအပ်နေသော လျှပ်စစ်နှင့် သဘာဝ ဓါတ်ငွေ့လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည့် အပြင် နိုင်ငံခြား ဝင်ငွေများစွာ ရရှိစေမည်ဟုသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*