အင်းယားကန်ဘောင် အနောက်ဘက် ကျွန်းတောစပ်ရှိ စည်ပင်အမှိုက် ပုံးမှ ကျည်တောင့် အချို့သိမ်းဆည်းရမိခဲ့

အင်းယားကန်ဘောင် အနောက်ဘက် ကျွန်းတောစပ်ရှိ စည်ပင်အမှိုက် ပုံးမှ ကျည်တောင့် အချို့သိမ်းဆည်းရမိခဲ့
August 7, 2017 Asian Fame

4:33 pm
အင်းယားကန်ဘောင် အနောက်ဘက် ကျွန်းတောစပ်ရှိ စည်ပင်အမှိုက် ပုံးမှ ကျည်တောင့် အချို့သိမ်းဆည်းရမိခဲ့

Inya(ရန်ကုန် ၊သြဂုတ် ၇)

ရန်ကုန် ကမာရွတ်မြို့နယ် အင်းယားကန်ဘောင် အနောက်ဘက်ကျွန်းတောစပ်ရှိ စည်ပင်အမှိုက် ပုံးမှ ၉မမကျည်(၁)တောင့် အပါအ၀င် 7.65 B 13 S&B တံဆိပ် ပါကျည်(၁)တောင့်တို့ကို ယမန်နေ့ ညနေပိုင်းက သိမ်းဆည်း ရမိခဲ့သည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန က သတင်းထုတ်ပြန်သည်။

ယင်းညနေပိုင်းက အင်းယား ကန်ဘောင် ညလုံခြုံရေး ဝန်ထမ်းဖိုးသံ ဆိုသူသည် ကျွန်းတောစပ်ရှိ စည်ပင်အမှိုက်ပုံး များအား ကားပေါ် တင်ရာမှ အမှိုက်ပုံးအတွင်း ကြွပ်ကြွပ်အိတ် အနက်ဖြင့် အထုပ်(၁)ထုပ်တွေ့ရှိ၍ ဖွင့်ကြည့်ရာ ယင်းထဲတွင် ကျဉ်(၁)တောင့် ပါလာခဲ့ သဖြင့် ရဲထံအကြောင်းကြားခဲ့သည်ဟု သိရသည်။

ကြွပ်ကြွပ်အိတ် အနက်ဖြင့် ထုတ်ထားသည့် အထုပ်(၁)ထုပ် ထဲတွင် ကျောပိုးအိတ် (၁)လုံး၊ Telenor/ Ooredoo ဆင်းကဒ်(၃)ခု၊ ကြိုတင်ငွေပေး ဘတ်စ်ကား စီးနင်းခွင့်ကဒ်(၁)ခု၊ ရူဘီဆေးလိပ်ဘူး အသစ် (၂)ဘူး၊ ဝက်အူလှည့် (၁)ချောင်း၊ ဦးထုပ်(၁) လုံး၊ လက်အိတ် (၁)စုံ၊ Mask မျက်နှာဖုံး ကြက်သွေးရောင် (၁)ခု၊ ဖိနပ်(၁)ရံ၊ STEP တံဆိပ် အညိုကွက်ကြား လက်ရှည် အင်္ကျီ(၁)ထည်၊ အနက်ရောင် ဂျင်းဘောင်းဘီ (၁)ထည်၊ ၉မမကျည်(၁) တောင့်၊ 7.65 B 13 S&B တံဆိပ် ပါကျည်(၁)တောင့်၊ ဆိုင်ကယ်/အိမ်သော့(၄)ချောင်း၊ တစ်ရှူး(၁)ထုပ် တို့ တွေ့ရှိခဲ့၍ လက်ရှိတွင် သက်ဆိုင်ရာက စုံစမ်းလျက် ရှိသည်ဟု သတင်း ထုတ်ပြန်ချက်ထဲဖော်ပြထားသည်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*