10:43 am
ရန်ကုန်၊သြဂုတ် ၇
အိုးဘိုအကျဉ်းထောင်နှင့် အင်းစိန်အကျဉ်းထောင်တို့တွင် အကျဉ်းချခံထားရသော်လည်း ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော အကျဉ်းသူအကျဉ်းသား၇ဦးကို ယနေ့တွင် နိုင်ငံတော်သမ္မတကလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ရအကျဉ်းသူအကျဉ်း၇ဦးတို့သည် ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သူများဖြစ်သည်။
ယင်းထဲတွင် မူးယစ်မှု ဖြင့် အိုးဘိုထောင်တွင် ထောင်ဒဏ်ကျခံနေရပြီး ဂုဏ်ထူးသုံးဘာသာရသည့် အကျဉ်းသူလည်း ပါဝင်သည်။
အကျဉ်းဦးစီးပြောခွင့်ရ အရာရှိက “နိုင်ငံတော်သမ္မတကြီးရဲ့မေတ္တာစေတနာနဲ့လွှတ်ပေးတာပါ။သူတို့ဟာပြင်ပမှာ တက္ကသိုလ်ပညာကို အေးအေးဆေးဆေးသင်စေချင်လို့ပါ။” ဟု ပေါ်ပြူလာနယူးစ်ကိုပြောသည်။
လွတ်ငြိမ်းချမ်းသာရ ၇ဦးတို့သည် ထောင်ဒဏ်၁၀နှစ်၊၇နှစ်၊၈နှစ်စသည်ဖြင့် ကျခံနေရသူတို့ဖြစ်သည်။
PN-051