H1N1 ရောဂါကြောင့် မြန်မာနိုင်ငံမှ ပြည်ပသို့ ခရီးသွားသူများ အတွက် အခက်အခဲမရှိ

H1N1 ရောဂါကြောင့် မြန်မာနိုင်ငံမှ ပြည်ပသို့ ခရီးသွားသူများ အတွက် အခက်အခဲမရှိ
August 4, 2017 Asian Fame

11:46 am
H1N1 ရောဂါကြောင့် မြန်မာနိုင်ငံမှ ပြည်ပသို့ ခရီးသွားသူများ အတွက် အခက်အခဲမရှိ

yangonairport(ရန်ကုန်၊ သြဂုတ် ၃)

H1N1 ရောဂါကြောင့် မြန်မာနိုင်ငံမှ ပြည်ပသို့ ခရီးသွားသူများ အတွက် အခက်အခဲမရှိ ပုံမှန်အတိုင်းပင် သွားလာနိုင်ကြောင်း သိရသည်။

“လေဆိပ်မှာစောင့်ကြည့် ကရိယာတွေနဲ့ တပ်ဆင်ပြီးစောင့်ကြည့်တာတော့ ရှိတယ်လို့ သိရပါတယ်။ ပိတ်တယ်လို့တော့ မကြားမိပါဘူး။ တရားဝင် အကြောင်းကြား လာခြင်း မကြားသေးပါဘူးး။

ဒီလိုလုပ်ရင်လည်း သူတို့ တရားဝင် အကြောင်းကြားရမှာပါ။ အရင်တုန်းက ဆားရောဂါ တုန်းကလည်း ဒီလို ပိတ်တာမျိုး ရှိခဲ့ဖူးတယ်။ ကျွန်တော် တို့လည်း သူများနိုင်ငံမှာ ဖြစ်တာတွေရှိရင် လေဆိပ် ကနေ စောင့်ကြည့်ပြီးတော့ လုပ်ခဲ့တာတော့ ရှိပါတယ်။ လုံးဝပေးမ၀င် ဘူး ဆိုတာမျိုးကို ကျွန်တော်တို့ နိုင်ငံကလည်း လုပ်ခဲ့တာမျိုး မရှိသလို သူတို့ တွေလည်း လုပ်မယ်လို့ မထင်ပါဘူး”ဟု မြန် မာနိုင်ငံခြားရေး ၀န်ကြီးဌာနမှ Popular News သို့ ပြန်လည်ဖြေကြားပါသည်။

နယ်စပ်ဂိတ်များမှ ခရီးသွားသူများနှင့် ပတ်သက်၍ မြ၀တီခရိုင် ဆေးရုံအုပ်ကြီး ဒေါ်သီတာစိုး ကလည်း “ချစ်ကြည်ရေး တံတား မှာ ကျွန်မတို့ ဘက်က ကျန်းမာရေးစစ်ဆေးတဲ့အဖွဲ့ တွေရှိပါတယ်။ ၀င်လာတဲ့ သူတွေကို အားလုံးကို စစ်ဆေးတာပါပဲ ။ ဒါက ပုံမှန်ပါပဲ။ အခု ကတော့ H1N1 ကာလဆိုတော့ ဒါကိုအဓိကထားစစ်တာပေါ့နော်။ ထိုင်းဘက်မှာလည်း ကျွန်မတို့ဘက်ကလို ကျန်းမာရေး စစ်ဆေးတဲ့ အဖွဲ့ရှိပါတယ်။ ဒါက အရင်ကတည်း ကရှိတာပါ။ အခုကျောက်လုံးကြီး စခန်းမှာလည်း ကျွန်မတို့ ကျန်းမာရေး စစ်ဆေးတဲ့ အဖွဲ့ က စောင့်ကြည့် စစ်ဆေးနေပါတယ်။ ထူးခြားဖြစ်စဉ်တော့ တစ်စုံတစ်ရာ မရှိသေးပါဘူး”ဟု Popular News သို့ပြန်လည်ဖြေကြား ပါသည်။

“ကျွန်မတို့ ဆေးရုံ ကနေပြီး ပုံမှန်ဆိုရင် တာဝန်ကျဆရာဝန် ၂ ဦးနဲ့ သူနာပြု ၁ ဦးလွှတ်ပေးရတယ်။ လွှတ်ပေးပြီးတော့ လူကယ်ပြန် ကဖွင့်ထားတဲ့ ကျောက်လုံးကြီးစခန်းမှာသွားရောက် ပြီး ထိုင်းကိုသွားတဲ့အလုပ်သမားတွေကို အသွားရော အပြန်ရော H1N1 စစ်တယ်။တစ်ခြားရောဂါတွေလည်းစစ်တယ်”ဟု မြ၀တီပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့အတူပင် ပြည်ပမှ လာရောက်ကြသော ခရီးသွား များသည်လည်း ယခင်အတိုင်းပင် ၀င်လာနေကြဆဲပင်ဖြစ်ကြောင်း၊ ခရီးသွား လုပ်ငန်း တွင် လည်း ထိခိုက်မှုမရှိကြောင်းသိရသည်။ H1N1 ရောဂါဖြစ်ပွားနေမှုကြောင့် ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံသို့ သွားရောက်မည့် သူများ ကိုမူ ကျန်းမာရေးသတိပေးချက်တစ်ရပ်ကို ဇူလိုင် ၂၆ ရက်နေ့ကထုတ်ပြန်ခဲ့ကြောင်းသိရသည်။

“အခုဟာက လူမှုကွန်ရက်မှာ ကောလာဟလသတင်းတွေက သူတင်ကိုယ်တင် တင်နေကြတယ်။ အများစုက တာဝန်ယူမှု တာဝန်ခံမှု မရှိကြပါ ဘူး။ ပွဲဆူရင်ပြီးရော Like ရရင်ပြီးရောဆိုပြီးတင်တဲ့သူတွေရှိသလို၊ တစ်ခြားရည်ရွယ်ချက်ရှိရှိနဲ့ တင်တဲ့သူတွေလဲရှိတယ်။ လူမှု ကွန်ရက်မှာတွေ့သမျှကို လိုက်ယုံကြည်နေရင် မှားမှာပေါ့။ ကိုယ်လဲ ဆင်ခြင်တုံတရား မရှိရာရောက်တယ်။ မဖြစ်သင့်တာတွေ လဲ ဖြစ် လာနိုင်တယ်။ ဒီတော့ကာ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ တရားဝင် သတင်းဌာနတွေက တင်တဲ့သတင်းတွေကိုပဲ ပြည်သူတွေ ယုံကြည်ကြစေချင်တယ်”ဟု ၀ါရင့် သတင်းစာဆရာတစ်ဦးကပြောပါသည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*