အာမခံအကြိမ်ကြိမ်ပယ်ချခဲ့ရတဲ့ ဦးကျော်မင်းဆွေ အာမခံရပြီ

အာမခံအကြိမ်ကြိမ်ပယ်ချခဲ့ရတဲ့ ဦးကျော်မင်းဆွေ အာမခံရပြီ
August 4, 2017 Fame Asian

11:29 am
အာမခံအကြိမ်ကြိမ်ပယ်ချခဲ့ရတဲ့ ဦးကျော်မင်းဆွေ အာမခံရပြီ

dkfj

ရန်ကုန် ၊ သြဂုတ် ၎

အာမခံလျောက်ထားမှု အကြိမ်ကြိမ်ပယ်ချခံခဲ့ရတဲ့ The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေဟာ ကိုးကြိမ်မြောက်ရုံးထုတ်မှာ အာမခံရရှိခဲ့ပြီလို့ The Voice သတင်းစာမှ အကြီးတန်းအယ်ဒီတာ ဦးအောင်စိုးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

”အာမခံရပါပြီ။ အရင်လျောက်တဲ့ ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇ (၁) နဲ့ ပဲလျောက်ထားခဲ့တာပါ။ မရွေ့ ပြောင်းနိုင်တဲ့ ပစ္စည်းတန်ဖိုး သိန်း (၁၀၀) အာမခံပြရပြီးတော့ အာမခံထောက်ခံပေးသူ ၂ ယောက်က ထောက်ခံပေးခဲ့ရပါတယ်။အရင် သတ္တုတွင်းအမှုတုန်းက သူပဲ ထောက်ခံပေးခဲ့တာပါ။” လို့ သူကပြောပါတယ်။

ဦးကျော်မင်းဆွေဟာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ဗဟန်းတရားရုံးမှာတရားစွဲဆိုခံထားရသူပါ။ကျည်ထောင်စုသစ္စာသရော်စာကို The Voice သတင်းဌာနရဲ့ လူမှုစာမျက်နှာမှာ ဖော်ပြခဲ့တဲ့အတွက် တပ်မတော်က အခုလိုတရားစွဲခဲ့တာလည်းဖြစ်ပါတယ်။

သရော်စာရေးသားခဲ့သူ ဗြိတိသျှကိုကိုမောင်ကိုတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မှတ်ချက်နဲ့ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုဖို့ မငြိစွန်းဘူးလို့ ဆိုပြီး တရားသေလွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ တပ်မတော်က သတင်းမီဒီယာဥပဒေနဲ့ ၎င်းတို့ နှစ်ဦးစလုံးကို ထပ်မံတရားစွဲဆိုခဲ့ပါတယ်။

လက်ရှိမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ သတင်းမီဒီယာများအပေါ်အရေးယူမှု ၁၀ မှုရှိနေပြီး သတင်းသမား ၁၈ ဦး တရားရင်ဆိုင်နေရပါတယ်။ အခုလိုဦးကျော်မင်းဆွေပါ အာမခံရရှိပြီဆိုရင် အားလုံးကတော့ အာမခံရထားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*