အမည်မသိအရပ်သားတစ်ဦးက ဓါးနဲ့ထိုး၍ ရဲတစ်ဦးသေဆုံး

အမည်မသိအရပ်သားတစ်ဦးက ဓါးနဲ့ထိုး၍ ရဲတစ်ဦးသေဆုံး
August 4, 2017 Fame Asian

1:59 pm
အမည်မသိအရပ်သားတစ်ဦးက ဓါးနဲ့ထိုး၍ ရဲတစ်ဦးသေဆုံး

ရန်‌ကုန်‌၊သြဂုတ်‌ ၎

အခုချိန်ထိ ဘယ်သူဘယ်ဝါမှန်းစုံစမ်းလို့မရသေးတဲ့ အရပ်သားတစ်ဦးက ဓါးနဲ့ထိုးလို့ ရဲတပ်သားတစ်ဦး သေဆုံးမှု သထုံမြို့မှာဖြစ်ပွားခဲ့တယ်လို့ သထုံမြို့မရဲစခန်းက ပြောပါတယ်။

ဇူလိုင်လ ၃ ရက်နေ့ ည ၁၀ နာရီ ၄၀ လောက်က ဖြစ်သွားခဲ့တဲ့ဒီဖြစ်စဉ်မှာ သေဆုံးသူသထုံမြို့မရဲစခန်းမှရဲတပ်သား နဲ့ အရပ်သားတစ်ဦးစီးနင်းလာတဲ့ ဆိုင်ကယ်ရှေ့ကို အမည်မသိလူငယ် ၃ဦးစီးနင်းလာတဲ့ဆိုင်ကယ်တစ်ဦးက ရှေ့ကပိတ်ရပ်ပြီး အခုလို ဓါးနဲ့ထိုးသွားတာဖြစ်တယ်လို့ သထုံမြို့မရဲစခန်းမှ ရဲအုပ်‌ဆန်းဦးက‌ပြောပါတယ်။

ဆိုင်ကယ်ပေါ်ပါ လူငယ် ၃ ဦးမှာ တစ်ဦးက ဓါးဦးချွန်နဲ့ ထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ဖြစ်စဉ်ကြောင့် ဝဲနံကြား
ထိုးသွင်းဒါဏ်ရာနဲ့ အဆိုပါ ရဲတပ်သားဟာ သထုံခရိုင်ဆေးရုံကြီးဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့တာဖြစ်တယ်လို့ အဆိုပါရဲအရာရှိက ဆိုပါတယ်။

“ဘာ‌ကြောင့်‌သတ်‌တာလဲ‌တော့ မသိဘူး။တရားခံ‌တွေကိုလဲ မသိဘူး။သူက သူ့အစ်‌ကိုဝမ်းကွဲ‌နဲ့ တစ်ဆိုင်‌ကယ်‌ထဲစီး‌နေစဉ်‌မှာ ဓားထိုးခံရတာ။တချက်‌ပဲထိုးသွားတာပါ။‌ဆေးရုံ‌ရောက်‌မှ ဆုံးတာ။ကျွန်‌‌တော်‌တို့ လိုက်‌လံရှာ‌ဖွေ‌နေပါတယ်‌”လို့ သူက ပြောပါတယ်။

သက်‌‌သေခံအဖြစ်‌ အခင်းဖြစ်‌ရာမှာ အသုံးပြု‌တဲ့ အနက်ရောင် အရိုး ၅ လက်မ အသွား ၄ လက်မခွဲဓါး ကိုရှာဖွေထားပြီး (သထုံ)(ပ)၇၇၆/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ-၃၀၂/၁၁၄နဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့သိရပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*