မြန်မာနိုင်ငံတွင် ပထမဆုံးသော ရေချိုငါးမွေးမြူရေး သုတေသန စင်တာ ဖွင့်လှစ်မည်

မြန်မာနိုင်ငံတွင် ပထမဆုံးသော ရေချိုငါးမွေးမြူရေး သုတေသန စင်တာ ဖွင့်လှစ်မည်
August 3, 2017 Asian Fame

11:39 am
မြန်မာနိုင်ငံတွင် ပထမဆုံးသော ရေချိုငါးမွေးမြူရေး သုတေသန စင်တာ ဖွင့်လှစ်မည်

fish(နေပြည်တော်၊ သြဂုတ် ၁)

ပြည်တွင်းငါးမွေးမြူ သူများနှင့် ငါးလုပ်ငန်းလုပ်ကိုင် သူများအတွက် နည်းပညာနှင့် ငါးမျိုးစိတ် ခွဲခြားခြင်း၊ ငါးကန် တူးဖော်မည့်ရေမြေ အနေအထား များကို သုတေသန ပြုလုပ်ပေးနိုင်မည့် ရေချိုငါးမွေးမြူရေး သုတေသန စင်တာကို ယခုနှစ်ကုန်တွင် ဖွင့်လှစ်နိုင်မည်ဟု သိရသည်။

“ရေချိုငါးမျိုးစိတ်တွေ ကို အသေးစိတ် ခွဲခြားတာတွေ၊ ဘယ်လိုမြေ အမျိုးအစားမှာ ဘာငါးတွေ မွေးသင့်တယ် ဆိုတာမျိုးတွေ ၊ရေမှာပါဝင် တဲ့ဒြပ်ပေါ် မူတည်ပြီး ငါးမွေးသင့်မသင့် စတာတွေ အသေးစိတ် သုတေသန လုပ်နိုင်ပါမယ်၊ ငါးတွေ အတွက်ရောဂါ ကျရောက်ရင်လဲ အချိန်နဲ့ တပြေးညီ စစ်ဆေး အဖြေထုတ်နိုင်မှာပါ။”ဟု ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်ထူး ကဆိုသည်။

ရေချိုငါးမွေးမြူရေး သုတေသန စင်တာသည် မြန်မာနိုင်ငံတွင် ပထမဆုံး စတင် ဖွင့်လှစ်ခြင်းဖြစ်ကာ ဆက်လက်ပြီး ရေငံငါးများ အတွက် သုတေသန ပြုလုပ်နိုင်မည့် စင်တာဖွင့်နိုင်ရန် နော်ဝေး အပါအဝင်နိုင်ငံ အချို့နှင့် ညှိနှိုင်းနေကြောင်း သိရသည်။

အဆိုပါ စင်တာကို ကိုရီးယားနိုင်ငံ KOICA အဖွဲ့မှဒေါ်လာ(၄.၄)သန်း လှူဒါန်းပြီး တည်ဆောက် ခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်း သရက်ကုန်း မြို့နယ်တွင် တည်ဆောက်နေပြီး လက်ရှိတွင် ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးနေကာ ယခုနှစ် မကုန်ခင် ဖွင့်လှစ်နိုင်မည်ဟု ငါး လုပ်ငန်း ဦးစီးဌာန မှသိရသည်။

အောင်ပြည့်စုံ

ဓါတ်ပုံ – မေသူကျော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*