မန္တလေးမှာ လမ်းခင်းဖို့ မြေညှိရာမှ ကျောက်စိမ်းတုံးတွေ တွေ့တယ် ဆိုတဲ့သတင်း

မန္တလေးမှာ လမ်းခင်းဖို့ မြေညှိရာမှ ကျောက်စိမ်းတုံးတွေ တွေ့တယ် ဆိုတဲ့သတင်း
August 3, 2017 Asian Fame

2:00 pm
မန္တလေးမှာ လမ်းခင်းဖို့ မြေညှိရာမှ ကျောက်စိမ်းတုံးတွေ တွေ့တယ် ဆိုတဲ့သတင်း

20431546_1516219875106956_7102534849269700292_n(မန္တလေး၊ သြဂုတ်၃)

မန္တလေးမှာ လမ်းခင်းဖို့မြေညှိရာမှ ကျောက်စိမ်းတုံးတွေ တွေ့တယ် ဆိုတဲ့သတင်းက တကယ်တော့ ကျောက်စိမ်းဖြတ်စတွေ သာဖြစ် တယ် လို့ သိရပါတယ်။

“အတုံးအခဲတွေ ရတာမဟုတ်ပါဘူး၊ ဖြတ်စတွေ ရတာပါ၊ ဟိုတုန်းက တန်ဖိုးမရှိဘူးပေါ့၊ အခုအချိန်မှာ ကျတော့ ငါးထောင် တစ်သောင်းတန်တော့ လာတူး သူများလာတယ်၊ မနေ့ကတော့ မြွေရေခွံအိတ် တစ်ဝက်လောက်ရတယ်၊ ဒီနေ့မနက် အထိလာ တူးသူတွေရှိတယ်၊ ဒါပေမယ့် ပိတ်လိုက်ပါပြီ” လို့ ကျောက်ဖြတ်စ လာရှာသူဒေါ်အေးမွန် ကပြောပါတယ်။

မန္တလေး ချမ်းအေးသာစံမြို့နယ် ၃၃ လမ်း၊ ၈၅ လမ်း နဲ့ ၈၆ လမ်းကြားမှာ ယမန်နေ့ ညနေပိုင်းက လမ်းခင်းဖို့မြေညှိ ရာမှ အဲဒီကျောက် စိမ်းဖြတ်စတွေ တွေ့ရှိရတာမှာ သတင်းကြားနဲ့ လာရောက် တူးဖော်သူတွေ များလာတဲ့ အတွက် လက်ရှိ အခြေအနေမှာတော့ မြို့နယ် တာဝန် ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆက်လက် မတူးဖော်ဖို့ တားမြစ်ချက်ထုတ် စောင့်ကြပ်နေပါတယ်။

ကျောက်စိမ်းဖြတ်စတွေ တွေ့ရှိရတဲ့ နေရာ ဟာ အရင်နှစ် ပေါင်း ၂၅ နှစ်ကျော်ခန့် က ကျောက်ဝိုင်းဖြစ်ခဲ့ဖူးတဲ့ နေရာ လို့သိ ရပြီး ကျောက်သွေး ရုံတွေက စွန့်ပစ်ထားတဲ့ ကျောက်ဖြတ်စတွေပဲဖြစ်တယ်လို့ ရပ်ကွက်ဒေသခံတွေက ပြောပါတယ်။

လက်ရှိ အခြေအနေမှာ ဆက်လက် တူးဖော်ခွင့်မပြုတော့ ဘဲ လမ်းခင်းကျောက်တွေ ခင်းသွားမှာ ဖြစ်သလို တူးဖော် တာတွေ ဆက်လုပ် လာရင်တော့ ဥပဒေကြောင်း အရ အရေးယူ သွားမှာဖြစ်တယ် လို့ ချမ်းအေးသာစံ မြို့နယ် အမှတ် ၆ နယ်မြေ ရဲစခန်းမှ စခန်းမှူး ဦးခင်သန်းကပြောပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*