မြန်မ့ာကျောက်မျက် ရတနာပြပွဲ ယနေ့စတင်

မြန်မ့ာကျောက်မျက် ရတနာပြပွဲ ယနေ့စတင်
August 2, 2017 Asian Fame

11:00 am
မြန်မ့ာကျောက်မျက် ရတနာပြပွဲ ယနေ့စတင်

20525689_1507540082623285_4073749425121818642_n(နေပြည်တော် သြဂုတ် ၂)

သြဂုတ်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာ့ကျောက်မျက် ရတနာနေ့ အထိမ်းအမှတ် ကျောက်စိမ်းကျောက် မျက် ရောင်းချပွဲ ကို နေပြည်တော်ရှိ မဏိရတနာကျောက် စိမ်းခန်းမတွင် ယနေ့မှစတင်၍ (၁၁-၈-၂၀၁၇ )နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။

ကျောက်မျက် ရတနာပြပွဲ ကို ယနေ့စတင်ဖွင့်လှစ်ခဲ့ပြီး ကျောက်စိမ်းကျောက်မျက် အတွဲစုစုပေါင်း (၆၈၈၇)တွဲ ယူရိုငွေ(၂၀၈.၇၉၉)သန်း ဖိုးပြသရောင်း ချမည်ဖြစ်သည်။
ယခုပြပွဲတွင်တန်ဖိုးအကြီးဆုံးကျောက်စိမ်းမှာ (၆၄)ကီလိုဂရမ်ရှိသော ယူရို(၁၂)သန်းတန် ကျောက်စိမ်းဖြစ်သည်။

ယခုပြပွဲ၏ ထူးခြားချက်မှာ ယခင်ပြပွဲများကဲ့သို့ ဈေးပြိုင် စနစ်နှင့်တင်ဒါစနစ် (၂)မျိုးလုံးဖြင့်ရောင်းချမည် မဟုတ်ဘဲ တင်ဒါစနစ် တစ်မျိုးထဲ သာ ရောင်းချသွားရန် စီစဉ်ထားသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*