ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ကိုသုံးပြီး တရားစွဲတာ ၈၁ မှုရှိပြီ။ အရင်အစိုးရလက်ထက်ကထက် ၁၁ ဆနီးပါးပိုများ

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ကိုသုံးပြီး တရားစွဲတာ ၈၁ မှုရှိပြီ။ အရင်အစိုးရလက်ထက်ကထက် ၁၁ ဆနီးပါးပိုများ
August 1, 2017 Fame Asian

3:11 pm
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ကိုသုံးပြီး တရားစွဲတာ ၈၁ မှုရှိပြီ။ အရင်အစိုးရလက်ထက်ကထက် ၁၁ ဆနီးပါးပိုများ

dkfj

ရန်ကုန် ၊ သြဂုတ် ၁

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကိုအသုံးပြုပြီး တရားစွဲဆိုတဲ့ အမှုတွေဟာ ဇူလိုင်လကုန်အထိ အမှုပေါင်း(၈၁) မှုအထိရှိလာခဲ့ပြီဖြစ်တယ်လို့ ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့မှ ကိုဆောင်းခက ပေါ်ပြူလာနယူးစ် ကို ပြောပါတယ်။ယင်းအမှုတွေအနက်က အရင်အစိုးရလက်ထက်မှာဖြစ်ပွားခဲ့တဲ့အမှုက ၇မှု ရှိပြီး လက်ရှိအစိုးရလက်ထက်မှာတော့ အမှုပေါင်း ၇၄ မှုရှိနေတာကြောင့် ယခင်
အစိုးရလက်ထက်ကထက် ၁၁ ဆနီးပါးပိုမိုများပြားတာဖြစ်တယ်လို့ သူကပြောပါတယ်။

” ဒီရက်ပိုင်းတင်ပဲ တစ်မှုထပ်တိုးပါတယ်။ ပေါင်မြို့ နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြည်သူတစ်ဦးကို ၆၆ ဃ သုံးပြီးတရားစွဲလိုက်တာပါ။သူ့ ကိုအရူးဘုံမြောက်လို့ ရေးသားမှုနဲ့ ပတ်သတ်ပြီးတော့ စွဲဆိုခဲ့တာပါ။” လို့ ကိုဆောင်းခကပြောပါတယ်။

အမှုတွေထဲက ပြစ်ဒဏ်ချမှတ်ပြီးအမှု(၁၁)မှု၊ လတ်တလောအာမခံမရရှိဘဲအချုပ်ကျနေတဲ့ အမှု(၈)မှု ရှိနေပါတယ်။ ထိုအမှုများထဲတွင် တပ်မတော်မှ တရားစွဲခဲ့တဲ့အမှု(၇)မှု၊ NLD ပါတီမှ တရားစွဲခဲ့တဲ့ အမှု(၇)မှုနှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့  ကြားလူများက တရားစွဲခဲ့သောအမှု (၈)မှုရှိပါတယ်လို့ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့မှထုတ်ပြန်ထားတဲ့
စာရင်းများအရသိရပါတယ်။

သတင်းမီဒီယာသမားများအပေါ် အရေးယူထားတဲ့ အမှု(၁ဝ) မှုရှိပြီးသတင်းသမား(၁၈)ဦးတရားရင်ဆိုင်နေရပါတယ်။The Voice သတင်းစာမှ အယ်ဒီတာချုပ်ဦးကျော်မင်းဆွေက တော့ အာမခံမရရှိဘဲ ချုပ်နှောင်ဖမ်းဆီးခံထားရပြီး Myanmar Now သတင်းဌာနမှ အယ်ဒီတာချုပ်ဦးဆွေဝင်းကတော့ အာမခံရရှိထားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*