ကျောင်းကြို/ပို့ ယာဉ် များအတွက် ကညနမှ အချက်(၁၂)ချက် ထုတ်ပြန်ခဲ့ပြီး ကိုက်ညီမှသာ ဆက်လက်ပြေးဆွဲ နိုင်မည်

ကျောင်းကြို/ပို့ ယာဉ် များအတွက် ကညနမှ အချက်(၁၂)ချက် ထုတ်ပြန်ခဲ့ပြီး ကိုက်ညီမှသာ ဆက်လက်ပြေးဆွဲ နိုင်မည်
July 31, 2017 Asian Fame

2:22 pm
ကျောင်းကြို/ပို့ ယာဉ် များအတွက် ကညနမှ အချက်(၁၂)ချက် ထုတ်ပြန်ခဲ့ပြီး ကိုက်ညီမှသာ ဆက်လက်ပြေးဆွဲ နိုင်မည်

schoolbus(နေပြည်တော်၊ ဇူလိုင် ၃၁)

ယခုပညာသင်နှစ် မှစတင်၍ ကျောင်းကား စနစ်သစ်ကို စတင် အကောင်အထည် ဖော်နေပြီး ယခင်ပြေးဆွဲနေ သည့် ကျောင်းကား များ အနေဖြင့် ကညန မှ ထုတ်ပြန်လိုက်သည့် အချက်များနှင့် ကိုက်ညီမှသာ ဆက်လက် ပြေးဆွဲနိုင်တော့မည် ဖြစ်သည်။

“School Bus စနစ်အသစ် မှာ ကျောင်းသူကျောင်းသားတွေ အတွက်ဘေး အန္တရာယ် ကင်းရှင်းရေးနဲ့ သက်တောင့် သက်သာဖြစ်စေရေး ကို ဦးတည်ထားပါတယ်၊ School Busအဖြစ် မှတ်ပုံတင်မယ်ဆိုရင် သတ်မှတ်ထားတဲ့ အချက်(၁၂)ချက် နဲ့ကိုက်ညီရ မှာဖြစ်ပါတယ်၊ ဒါက အရင်က ကျောင်းကြို/ပို့ ကားတွေရော အခုမှ စတင်မယ့် School Bus အသစ်တွေရော အတွက် သတ်မှတ် ထားတာပါ”ဟု ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

ယခင်က ကျောင်းကြို/ပို့ ယာဉ်အဖြစ် ပြုလုပ်နေသော ကားများကိုလည်း ယခု သတ်မှတ်လိုက်သည့် စည်းကမ်းချက် များနှင့်ကိုက်ညီ မှသာ ဆက်လက်ပြေးဆွဲ ခွင့်ပြုမည်ဟု သိရသည်။ School Bus အသစ် အဖြစ် မှတ်ပုံတင်မည့် ယာဉ်များကိုမူ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် ကနဦး မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

School Bus အဖြစ် ပြေးဆွဲလိုပါက လိုအပ်သည့် သတ်မှတ်ချက်များကို ကညန မှအောက်ပါအတိုင်းထုတ်ပြန်ထားသည်။

၁။ ခရီးသည်(၁၀)ဦးနှင့်အထက်တင်ဆောင်နိုင်သော Micro Bus(သို့မဟုတ်)Mini Busဖြစ်ရမည်။
၂။ ထိုင်ခုံတိုင်းတွင်အသက်ကယ်ထိုင်ခုံခါးပတ်(Seat Belts)ပါရှိရမည်။
၃။ ဘယ်မောင်းယာဉ် (Left Hand Drive)နှင့် ယာဉ်၏ ယာဖက် တွင်အတတ်အဆင်း တံခါးပေါက်ပါ ရှိရန်ဖြစ်ပြီး လုံခြုံ စိတ်ချ ရသော သော့စနစ် တပ်ဆင်ထားရမည်။
၎။ရှေးဦးသူနာပြုသေတ္တာ(First Aid Box) ပါရှိရမည်။
၅။ယာဉ်၏ အတွင်းတွင်ဓါတုဗေဒ ပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူး အနည်းဆုံး(၂)ဘူးပါ ရှိရမည်။
၆။ယာဉ်၏ အရောင်အား အဝါရောင် သတ်မှတ်၍ ယာဉ်၏ အရှေ့အနောက်တွင် (School Bus)စာလုံးကို ထင်ရှားစွာရေးသား ထားရမည်။
၇။ကျောင်းအမည်နှင့် ဆက်သွယ်ရန်တယ်လီဖုန်းနံပတ်များကို ယာဉ်၏ဘေးဖက်တွင်ရေးသားထားရမည်။
၈။ယာဉ်မောင်းသူသည်အနိမ့်ဆုံး(ဃ)လိုင်စင်ရရှိပြီးသူဖြစ်ရမည်။
၉။ယာဉ်မောင်းနှင်ရာတွင်တစ်နာရီလျှင် (၄၀)ကီလိုမီတာ
ထက်ပို၍မောင်းနှင်ခြင်းမပြုရန်ကန့်သတ်ထားရမည်။
၁၀။အဌားယာဉ်(ကျောင်းကြို/ပို့)လုပ်ငန်းသုံးယာဉ်အဖြစ်ဆောင်ရွက်ရမည်။
၁၁။ကျောင်းသားများ၏အသက်သည်(၁၂)နှစ်အထက်ဖြစ်ပါက လူကြီးထိုင်ခုံသတ်မှတ်ပေးရမည်။
၁၂။ကျောင်းသားများ၏အသက်သည်(၁၂)နှစ်အောက်ဖြစ်ပါက တပ်ဆင်ပါရှိသောထိုင်ခုံအရေအတွက်သည် မူလထိုင်ခုံအရေအတွက် ၏တစ်ဆခွဲထက်မပိုရသည့်အပြင်ထိုင်ခုံခါးပတ် အပြည့်အစုံပါရှိရမည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*