၂လအတွင်းရေနံစိမ်း တန်ချိန် ၁၁ သန်းနီးပါး ကို ပိုက်လိုင်းမှ တဆင့် တရုတ်နိုင်ငံသို့ ပို့ လွှတ်နိုင်ခဲ့ဟု ဆို

၂လအတွင်းရေနံစိမ်း တန်ချိန် ၁၁ သန်းနီးပါး ကို ပိုက်လိုင်းမှ တဆင့် တရုတ်နိုင်ငံသို့ ပို့ လွှတ်နိုင်ခဲ့ဟု ဆို
July 27, 2017 Asian Fame

5:47 pm
၂လအတွင်းရေနံစိမ်း တန်ချိန် ၁၁ သန်းနီးပါး ကို ပိုက်လိုင်းမှ တဆင့် တရုတ်နိုင်ငံသို့ ပို့ လွှတ်နိုင်ခဲ့ဟု ဆို

ship( ရန်ကုန် ဇူလိုင် ၂၇ )

ရခိုင်ပြည်နယ်၊ မဒဲကျွန်းမှာရှိတဲ့ မြန်မာ-တရု ရေနံစိမ်းပိုက်လိုင်း မှနေ၍ ၂လအတွင်း ရေနံစိမ်း တန်ချိန် ၁၁ သန်းနီးပါး ကို တရုတ်နိုင်ငံ သို့ ပို့ လွှတ်ပြီးပြီလို့ မြန်မာ- တရုတ် ပိုက်လိုင်းကုမ္ပဏီ SEAOP-SEAGP ကပြောပါတယ် ။ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ ကစ တင်ပြီး ရေနံပို့ လွှတ်မှုကို အဲဒီ့ ကုမ္ပဏီက လုပ်ဆောင်နေတာပါ။

အဲ့ဒီကုမ္ပဏီက မန်နေဂျာ မစ္စတာ ချိုင်ကျင်း(Mr.CaiJian) က”ကျွန်တော်တို့ အခု စတင်ပြီး ရေနံစိမ်းပို့ လွှတ်နေပါပြီ။ တစ်နှစ်မှာ အခုတော့ တ န်ချိန် ၁၂ သန်းပို့ လွှတ်နိုင်ပါတယ်။ ပထမကာလကတော့ ဒီပမဏနဲ့ ပို့ လွှတ်နေမှာပါ။ ဒုတိယကာလကျတော့ တန်ချိန် ၂၂ သန်း ပို့ လွှတ်နိုင်မှာပါ။ မြန်မာနိုင်ငံမှာလ ည်းချဖို့ အစီအစဉ်ရှိပါတယ်။တန်ချိန် ၂သန်းလောက်ပေါ့။ တစ်လကို တစ်စီးစာ လောက်ပေါ့ တန်ချိန် ၃ သိန်းလောက်ပေါ့။ ” လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ က တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ရေနံတင်သဘောင်္( KUN LUN SAN )ဟာ ရခိုင်ပြည်နယ်၊ မဒဲကျွန်းရေနံတင် /ချဆိပ်ကမ်းကို ၁၂ ကြိမ် မြောက်အဖြစ် အရှေ့ အလယ်ပိုင်းဒေသမှ ရေနံစိမ်းတန်ချိန် ၃ သိန်းကို ရေနံစိမ်း သိုလှောင်ကန်များ အတွင်း လာရောက်တင်ချခဲ့ပါတယ် ။ကျောက်ဖြူမြို့ နယ်၊မဒဲ ကျွန်းရှိ ရေနံစိမ်း ပိုက်လိုင်းဌာနမှာ ရေနံစိမ်း တန်ချိန် ၈ သောင်း ၄ ထောင်ဆန့်  ရေနံစိမ်းသိုလှောင်ကန် ၁၂ လုံးရှိတယ်လို့ သိရပါတယ်။  မြန်မာ – တရုတ် ရေနံစိမ်းပိုက်လိုင်းဟာ မဒဲကျွှန်း မှစ၍ ရခိုင်ပြည်နယ် ၊ မကွေးတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်များကို ဖြက်သန်းကာတရု တ်နိုင်ငံ ရွေလီမြို့ မှ တဆင့် တရုတ်နိုင်ငံ အတွင်းသို့ အသီးသီးဝင်ရောက်တာဖြစ်ပါ တယ်။ပိုက်လိုင်းအရှည် စုစုပေါင်း ၇၇၁ ကီလိုမီတာ ရှည်လျားပြီး တစ်နှစ်ကိုရေနံစိမ်း တန်ချိန်ပေါင်း ၂၂ သန်း ( ကနဦးကာလပိုင်းတွင် ၁၃ သန်း ) ပို့လွှတ်နိုင်ဖို့ ရည်မှန်း ထားတယ်လို့  ယင်းကုမ္ပဏီ ရဲ့မန်နေဂျာဖြစ်သူ မစ္စတာချိုင်ကျင်းကပြောပါတယ်။  မြန်မာ-တရုတ်ရေနံပိုက်လိုင်းကို မြန်မာMOGEနှင့် တရုတ် CNPC တို့ မှ အကျိုးတူရ င်းနှီးမြုပ်နှံခဲ့ပြီး ၂ဝ၁ဝ ခုနှစ် ဇွန်လက စတင်တည်ဆောက်ပြီး ၂ဝ၁၅ ခုနှစ်မှာပြီးစီးခဲ့ တာဖြစ်ပါတယ်။

  ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*