ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသနေတဲ့ H1N1 လူနာနှစ်ဦးထဲက တစ်ဦးသေဆုံး၊ တစ်နိုင်ငံလုံးမှာ ရောဂါပိုးရှိသူ (၂၀) ဦးတွေ့ရှိနေပြီဟုသိရ

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသနေတဲ့ H1N1 လူနာနှစ်ဦးထဲက တစ်ဦးသေဆုံး၊ တစ်နိုင်ငံလုံးမှာ ရောဂါပိုးရှိသူ (၂၀) ဦးတွေ့ရှိနေပြီဟုသိရ
July 26, 2017 Fame Asian

6:14 pm
ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသနေတဲ့ H1N1 လူနာနှစ်ဦးထဲက တစ်ဦးသေဆုံး၊ တစ်နိုင်ငံလုံးမှာ ရောဂါပိုးရှိသူ (၂၀) ဦးတွေ့ရှိနေပြီဟုသိရ

20286944_1545704232154977_6109874153345349058_o

ရန်ကုန် ၊ ဇူလိုင် ၂၆

ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ H1N1 လူနာနှစ်ဦးအနက် အမျိုးသားတစ်ဦးဟာ ဒီကနေ့ နံနက်က သေဆုံးသွားပြီး လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးမှာ ရောဂါပိုးရှိသူ (၂၀) ဦးတွေ့ရှိနေပြီလို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ၊ သဘာဝဘေး/ကူးစက်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

” သေဆုံးသွားတာမှန်ပါတယ်။ နံနက် ၉ နာရီလောက်ကဆုံးသွားတာပါ။အသက်၄၃ နှစ်ပါ။ စစ်ထားတဲ့အထဲက ထပ်တွေ့ ထားတာက အယောက်၂၀ ပါ။ သေဆုံးသူ စုစုပေါင်း ၃ ဦးရှိပါပြီ” လို့ ၎င်းကပြောပါတယ်။

ရောဂါပိုးတွေ့ ရှိထားတဲ့ လူနာ အယောက်(၂၀) ဟာ ချင်းပြည်နယ်၊ဧရာဝတီတိုင်း၊ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ ကဖြစ်ပါတယ်။

H1N1 ရောဂါနဲ့ ပတ်သတ်ပြီး လက်ရှိမှာ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဖွဲ့ ထားပြီး ပြည်ထောင်စုဝန်ကြီးရဲ့လမ်းညွှန်မှုနဲ့ ဆောင်ရွက်နေတယ်လို့ ဒေါက်တာသန်းထွန်းအောင်ကပြောပါတယ်။

လက်တလောအနေအထားအရ အရေးပေါ်အခြေအနေကြေညာလို့ တော့ မရသေးဘူးလို့ ဒေါက်တာသန်းထွန်းအောင်ကပြောပါတယ်။

” အိန္ဒိယနိုင်ငံမှာဖြစ်ခဲ့တယ်။ လူ ၆၀၀ လောက်သေတယ်။ ကျွန်တော်တို့ ဆီက အဲဒီလောက် အခြေအနေမဆိုးသေးဘူး။ ကြေညာရင် ပြည်သူတွေအထိတ်တလန့် ဖြစ်သွားမယ်။ အရေးပေါ်အခြေအနေကြညာဖို့ ဆိုတာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း(WHO) ရဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။” လို့ ၎င်းကဆိုပါတယ်။

ရန်ကင်းကလေးဆေးရုံမှာလည်း ကလေးနှစ်ဦးမှာ ရာသီတုတ်ကွေး H1N1 နဲ့ H3N2 ရောဂါပိုးတွေ့ ထားတယ်လို့ အတည်ပြုပြောကြားထားပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*