ရန်ကုန်ဆေးရုံကြီးကသေဆုံးလူနာ ၂ ဦးမှာ H1N1 တွေ့ရှိပြီးနောက် အခြားသံသယရှိ လူနာတွေကိုပါ H1N1 ရှိ/မရှိ စစ်ဆေးမည်

ရန်ကုန်ဆေးရုံကြီးကသေဆုံးလူနာ ၂ ဦးမှာ H1N1 တွေ့ရှိပြီးနောက် အခြားသံသယရှိ လူနာတွေကိုပါ H1N1 ရှိ/မရှိ စစ်ဆေးမည်
July 25, 2017 Asian Fame

3:28 pm
ရန်ကုန်ဆေးရုံကြီးကသေဆုံးလူနာ ၂ ဦးမှာ H1N1 တွေ့ရှိပြီးနောက် အခြားသံသယရှိ လူနာတွေကိုပါ H1N1 ရှိ/မရှိ စစ်ဆေးမည်

YGH(ရန်ကုန်၊ ဇူလိုင် ၂၅)

ရန်ကုန်ဆေးရုံကြီး ကသေဆုံးလူနာ ၂ ဦးမှာ H1N1 တွေ့ရှိတာကြောင့် အခြား သံသယရှိ လူနာတွေကိုပါ H1N1 ရှိ/မရှိ စစ်ဆေး သွားတော့မယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာအေးကိုကိုက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ကုသနေတဲ့ လူနာ ၂ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးချိန်မှာ သူတို့ ၂ ဦးကို စစ်ဆေး လိုက်ရာမှာတော့ H1N1 positive ဖြစ်ကြောင်း တွေ့ရှိခဲ့ရတာပါ။

ဒါကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသနေတဲ့ လူနာတွေထဲက H1N1 သံသယ ရှိရင် စစ်ဆေးတော့မယ် လို့ ဒေါက် တာအေးကိုကို က ပြောတာဖြစ်ပါတယ်။

“အခုသေဆုံးသွားတဲ့ လူနာ ၂ ဦး ကိုလည်း သံသယရှိလို့ စစ်ကြည့်လိုက်တော့ အခုလို တွေ့ရတာပါ။ ဒါကြောင့် ဖြစ်နိုင်ချေ ရှိတယ် လို့ သံသယ ရှိတယ် ဆိုရင် ကျွန်တော်တို့ စစ်ဆေးသွားမှာပါ” လို့ သူက ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာနက နောက်ဆုံး ထုတ်ပြန်ထားတဲ့ စာရင်းမှာတော့ H1N1 positive တွေ့ရှိထားသူ စုစုပေါင်း ၁၃ ဦး ရှိပြီး ၁ ဦးသေဆုံးတယ် လို့ သိရပါတယ်။

အခု ထပ်မံ ကွယ်လွန်သွားတဲ့ ၂ ဦး ကတော့ အသစ်တွေ့ရှိတဲ့ ၂ ဦးဖြစ်ပါတယ်။

YL ၊ ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*