နှာခါင်းစည်းများ တပ်ဆင်ကာ သွားလာ လှုပ်ရှားနေသည့် ရန်ကုန်က ပြည်သူများ

နှာခါင်းစည်းများ တပ်ဆင်ကာ သွားလာ လှုပ်ရှားနေသည့် ရန်ကုန်က ပြည်သူများ
July 24, 2017 Asian Fame

4:54 pm
နှာခါင်းစည်းများ တပ်ဆင်ကာ သွားလာ လှုပ်ရှားနေသည့် ရန်ကုန်က ပြည်သူများ

Y11( ရန်ကုန်၊ ဇူလိုင် ၂၄)

လူ ၁ဦးသေဆုံး သွားပြီဖြစ်သည့် ရာသီ တုပ်ကွေးရောဂါ SEASONAL INFLUENZA A (H1N1) 2009 ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့တွင် အသိပေးချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ယင်းကဲ့သို့ ထုတ်ပြန်အပြီး ရန်ကုန်မြို့က ပြည်သူ့အချို့ တို့သည် နှာခေါင်းစည်းများ တပ်ဆင်ကာ သွားလာနေကြသည် ကိုတွေ့ရသည်။

H1N1 ကူးစက်ခံရသည့် ဘေးမှ ကြိုတင်ကာကွယ်သည့် အနေဖြင့် တပ်ဆင် ရခြင်းဖြစ်သည်ဟု နှာခေါင်းစည်း တပ်ဆင်ထားသည့် လူငယ် ၁ဦးက Popular News ကို ပြောသည်။

ဝန်ကြီးဌာနဘက်က H1N1 ရောဂါ ဖြစ်ပွားသည်ဟု သံသယ ရှိပါက နှာခေါင်းတို့ဖတ် (nasopharyngeal swab) အား အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာ ဌာန၊ အမှတ်(၃၅)၊ မော်ကွန်း တိုက်လမ်း၊ ရန်ကုန်မြို့သို့ပေးပို့ စစ်ဆေး အတည်ပြုချက် ရယူနိုင် ပါကြောင်း နှိုးဆော်ထားပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*