ရာသီတုတ်​​ကွေး​ရောဂါ (Seasonal Influenza A(H1N1) 2009)ဟာ နှစ်​စဉ်​ဖြစ်​​နေကျ​ရောဂါ ဖြစ်​ပြီး ကုသနိုင်တဲ့ ရောဂါလဲဖြစ်လို့ အလွန်​အမင်း မစိုးရိမ်​ကြဖို့ တိုင်းပြည်သူ့ ကျန်းမာ​ရေး ဦးစီးဌာန​ပြော

ရာသီတုတ်​​ကွေး​ရောဂါ (Seasonal Influenza A(H1N1) 2009)ဟာ နှစ်​စဉ်​ဖြစ်​​နေကျ​ရောဂါ ဖြစ်​ပြီး ကုသနိုင်တဲ့ ရောဂါလဲဖြစ်လို့ အလွန်​အမင်း မစိုးရိမ်​ကြဖို့ တိုင်းပြည်သူ့ ကျန်းမာ​ရေး ဦးစီးဌာန​ပြော
July 24, 2017 Asian Fame

5:46 pm
ရာသီတုတ်​​ကွေး​ရောဂါ (Seasonal Influenza A(H1N1) 2009)ဟာ နှစ်​စဉ်​ဖြစ်​​နေကျ​ရောဂါ ဖြစ်​ပြီး ကုသနိုင်တဲ့ ရောဂါလဲဖြစ်လို့ အလွန်​အမင်း မစိုးရိမ်​ကြဖို့ တိုင်းပြည်သူ့ ကျန်းမာ​ရေး ဦးစီးဌာန​ပြော

H1N1 press conference(ရန်ကုန် ဇူလိုင် ၂၄) 

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1 N1) 2009)ဟာ နှစ်စဉ် ဖြစ်ပွားနေကျ ရောဂါဖြစ်ပြီး ကုသနိုင်တာမို့ ပြည်သူများ အလွန်အမင်း မစိုးရိမ်ကြဖို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်ရှင်းလင်းပါတယ်။

” အွန်လိုင်းမှာ သတင်းတွေပြန့်နေတာတွေမှာ မမှန်တာေ တွ ရှိနေပါတယ်။ နှစ်တိုင်းဖြစ်နေကျပါ အထူးအဆန်း မဟုတ်ပါဘူး ၂၀၀၁ ကတည်းက မြန်မာနိုင်ငံမှာ ဒီရာသီဆိုဖြစ် နေကြပါ။ အခုလိုမျိုး အသိရှိနေတာ ပိုကောင်းတာပေါ့။ မှန် မှန်ကန်ကန် သိရှိပြီး ကာကွယ်တဲ့ နည်းလမ်းတွေ သိနေဖို့ လိုတယ် ။ဆေးရုံတက်ဖို့ လိုအပ်တဲ့သူတွေ တွေ့လာရင် ရန် ကုန်ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်မှာ ကုသပေး သွားပါမယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ဒေါက်တာဦးဝင်းလွင်ကပြောပါတယ်။

လက်ရှိမှာ ရာသီ တုပ်ကွေးရောဂါ A(H1N1)2009 ဖြစ်ပွားနေတယ် လို့ တွေ့ရှိထားသူ ဓါတ်ခွဲအတည်ပြု ၁၃ဦးရှိပြီး ချင်းပြည်နယ်၊ မတူပီမြို့ပေါ် ရပ်ကွက်မှ ၁၀ဦး ရှိပါတယ်။ ရန်ကုန်မှာ ကုသနေကြသူတွေကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံနေတဲ့ အင်းစိန်မြို့နယ်မှ ၁ဦး၊ ဧရာဝတီတိုင်းမှ ၁ဦး နဲ့ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးတွင်ကုသမှု ခံနေရတဲ့ ရေဆင်း တက္ကသိုလ် က ကျောင်းသူ ၁ဦး စုစုပေါင်း၃ ဦးတို့ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။  အဲဒီ ၃ဦးစလုံးဟာ လက်ရှိအခြေအနေအရ အသက်အန္တရာယ် မစိုးရိမ်ရဘူး လို့ ပြောလို့မရသေးပေမယ့် သူ တို့ရဲ့ မိသားစုဝင် များမှာတော့ ရောဂါလက္ခဏာ မတွေ့ရဘူးလို့ ရန်ကုန်ပြည် သူ့ဆေးရုံကြီး မှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို က ပြောပါ တယ်။

Facebook မှာ ပြောနေကြတဲ့ တစ်ဦး သေဆုံးတယ် ဆိုတာ ချင်းပြည်နယ် မတူပီမြို့က တစ်ယောက်ပါ။ သူက ပြင်းထန် အဆုတ်ရောဂါ ဖြစ်နေတာကြောင့် A(H1N1) ကြောင့် သေဆုံးရတာလို့ ယတိပြတ် ပြောလို့ မရပါဘူး လို့ ဒေါက်တာအေးကိုကို က ပြော ပါတယ် ။

ရာသီတုပ်ကွေးရောဂါဟာ တိုက်ရိုက် ထိတွေ့ပြီးကူးတာ နဲ့လေမှ တဆင့်ကူးတာ ဆိုပြီး နည်း၂နည်းနဲ့ ကူးတတ်ကြောင်း၊ ကုန်တိုက် များ မှ လှေကားလက်ရမ်းများ၊ အိမ်အဝင်အထွက် တံခါးလက် ကိုင်များ၊ ဘတ်စ်ကား ၊ရထားများပေါ်မှ လက်တန်း၊ လက်ကိုင်ကွင်းများ ပိုမို ကူးစက်ကြောင်း ရှင်းလင်းပွဲမှ သိရပါတယ်။  အဓိကအားဖြင့် ကလေးသူငယ်၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်၊ ဆီးချိုသွေးချိုရောဂါ ၊နှလုံးရောဂါ၊သွေး တိုးရောဂါခံစားနေရသူများ ပိုမိုဂရုစိုက်သင့်တယ်လို့ တိုင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ကပြော ပါတယ်။  တစ်ကိုယ်ရေသန့် ရှင်းမှု(အထူးသဖြင့်လက်သန့်ရှင်းမှု) ကိုအထူး ဂရုပြုသင့်တယ်လို ထုတ်ပြန်ရှင်းလင်းခဲ့ပါတယ်။

သတင်း၊ဓာတ်ပုံ-ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*