မွန်တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထောက်ပံ့စခန်း တည်ဆောက်မည်

မွန်တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထောက်ပံ့စခန်း တည်ဆောက်မည်
July 24, 2017 Asian Fame

3:52 pm
မွန်တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထောက်ပံ့စခန်း တည်ဆောက်မည်

Petrol(မော်လမြိုင်၊ ဇူလိုင် ၂၄)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် အနီးတ၀ိုက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့အခြေစိုက် ထောက်ပံ့ရေး စခန်း တည်ဆောက် သွား မည် ဖြစ်ကြောင်း မွန်ပြည် နယ် လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနမှ သတင်းရရှိသည်။

အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် နေပြည်တော်မှာ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (၁၀/၂၀၁၇) အစည်းအဝေး တွင် ဆုံးဖြတ် ခဲ့ခြင်းဖြစ်ပြီး Myanmar Offshore Supply Base Limited (MOSB) ကုမ္ပဏီ မှ ဆောက် လုပ်မည်ဖြစ်ကာ အဆိုပါအခြေစိုက် စခန်းမှ ကမ်းလွန်ရေနံ လုပ်ငန်းများသို့ ဒီဇယ် အပါအ၀င် လုပ်ငန်းသုံး ပစ္စည်းများ ကို ဖြန့်ဖြူးရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ၀န်ကြီးဌာနမှ ၀န်ကြီး ဦးမင်းထင်အောင်ဟန်က “MIC (Myanmar Investment Commision- မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်) ကနေ ခွင့်ပြု အမိန့်ကျတယ်တဲ့။ သူတို့လုပ်ဖို့ အတွက် အကုန်လုံး မပြီးသေးဘူး။ Survey လုပ်ရဦးမယ်” ဟု ပြောသည်။

အဆိုပါ အခြေစိုက်စခန်းကို မုဒုံမြို့နယ်၊ ၀ဲကလိနှင့် ကမာအုပ်ကျေးရွာမှာ တစ်နေရာနှင့် ရေးမြို့နယ်ကော့ဒွတ်ကျေးရွာမှာ တစ်နေရာ၊ စုစုပေါင်းနှစ်နေရာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရေနက်တဲ့နေရာ က နှစ်နေရာလောက် ရှိတယ်။ ၀ဲကလိ ထက်စာရင် ကော့ဒွတ်မှာက ပိုပြီးတော့ရေနက်ပါတယ် ။ရေနက်တဲ့ အခါကျတော့ တန်ချိန်မြင့်တဲ့ သဘောင်္တွေ ဆိုက်နိုင်မှာပါ”ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဌာန မှ ၀န်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

ယင်းသို့ ဆောက်လုပ်ခြင်း အားဖြင့် ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ စသည့် မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရာတွင် အချိန်ကုန် သက်သာ၍ လွယ်ကူ လျင်မြန်စွာ ခရီးရောက်နိုင်မှာဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း များလည်း ပေါများ လာနိုင်ကြောင်း မုဒုံမြို့ခံ တချို့က ထောက်ပြသည်။

“အခုဆိုရင် ၀ဲကလိ ဘက်မှာက လမ်းက သိပ်မကောင်းဘူး။ တချို့ခေါင်တဲ့ နေရာတွေမှာ စည်လာမယ်။အဓိကက လမ်းပန်း ဆက် သွယ်ရေးကောင်းလာပြီး အလုပ်အကိုင်တွေ ပေါလာမှာပါ။ အဲ့ဒီဘက်ကနေ ထိုင်းဘက်ကို သွားကြတာများတော့ အိမ်နီးချင်းနိုင်ငံတွေ နဲ့ သွားလာရ ပိုအဆင်ပြေလာများပါ။” ဟု မုဒုံမြို့နယ်၊ ကန်သာယာ(၃)လမ်း မှာ နေထိုင်တဲ့ ဒေသခံ တစ်ဦးဖြစ်သူ ကိုသော်ဇင်ချမ်း က မှတ်ချက်ပြု သည်။

Arkar Min

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*