ဗဟိုဘဏ်ဒုဥက္ကဌ ၊ ဒါရိုက်တာ အဖွဲ့ရာထူးနေရာများ အတွက် အမည်စာရင်းတင်းသွင်း

ဗဟိုဘဏ်ဒုဥက္ကဌ ၊ ဒါရိုက်တာ အဖွဲ့ရာထူးနေရာများ အတွက် အမည်စာရင်းတင်းသွင်း
July 21, 2017 Asian Fame

11:45 am
ဗဟိုဘဏ်ဒုဥက္ကဌ ၊ ဒါရိုက်တာ အဖွဲ့ရာထူးနေရာများ အတွက် အမည်စာရင်းတင်းသွင်း
BOD(နေပြည်တော် ၊ ဇူလိုင် ၂၁)

သက်တမ်း ကုန်ဆုံး၍ လစ်လပ်တော့မယ့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဌ များနဲ့ ဒါရိုက်တာ အဖွဲ့ဝင် ရာထူးနေရာ များအတွက် ခန့်အပ် တာဝန်ပေး လိုတဲ့ ပုဂ္ဂိုလ်တွေရဲ့အမည်စာရင်းကို ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။

ဒုဥက္ကဌတွေ အဖြစ် ဦးစိုးမင်း ၊ ဦးစိုးသိန်း ၊ ဦးဘိုဘိုငယ်တို့ဖြစ်ပြီး ဒါရိုက်တာ အဖွဲ့ဝင်တွေ ကတော့ ဦးကျော်မင်းထွန်း ၊ ဦးမြင့်သိန်းထွန်း ၊ ဦးစိုးပိုင် ၊ ဒေါ်ရီရီဝင်း ၊ ဒေါ်ခင်မေလှတို့ကို အမည်စာရင်းတင်သွင်းခဲ့ကြပါတယ်။

သူတို့ကို ကန့်ကွက် လိုတယ်ဆိုရင်တော့ သူတို့မှာရှိတဲ့ အရည်အချင်းဟာ သက်မှတ်ထားတဲ့ အရည်အချင်း မပြည့်စုံဘူး ဆိုတဲ့ အထောက် အထားတွေ နဲ့တကွ ပြည်ထောင်စု လွှတ်တော်ရုံးကို ဒီလ ၂၅ရက်နေ့ နောက်ဆုံး ထားပေးပို့ရ မှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေငြာခဲ့ပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*