YBS များတွင် Cash Box တပ်ဆင် သွားမည် ဖြစ်သော်လည်း အချို့ကားများတွင် ယာဉ်အကူများ ထားရှိမည်

YBS များတွင် Cash Box တပ်ဆင် သွားမည် ဖြစ်သော်လည်း အချို့ကားများတွင် ယာဉ်အကူများ ထားရှိမည်
July 18, 2017 Asian Fame

3:33 pm
YBS များတွင် Cash Box တပ်ဆင် သွားမည် ဖြစ်သော်လည်း အချို့ကားများတွင် ယာဉ်အကူများ ထားရှိမည်

YBS(ရန်‌ကုန်‌၊ ဇူလိုင်‌ ၁၈)

YBS ကားများ အားလုံးတွင်‌ Cash Box တပ်‌ဆင်‌သွားမယ်‌ဆို‌ပေမယ့်‌ မီနီဘတ်‌စ်‌ယာဉ်‌များနဲ့ လူကိုယ်‌တိုင်‌ တံခါး အဖွင့်‌အပိတ်‌ လုပ်‌ရမယ့်‌ ယာဉ်‌တွေမှာ ယာဉ်‌အကူ‌တွေ ထားရှိသွားမယ်‌လို့ YBS ၂၁ အဲကွန်းယာဉ်‌လိုင်း မှ အုပ်‌ချုပ်‌မှုဒါရိုက်‌တာ ကိုတရုတ်‌‌လေး က‌ပြော သည်‌။

Cash Box တပ်‌ဆင်‌ခြင်း ဆိုသည်‌မှာ ယခင်‌ကဲ့သို့ ခရီးသည်‌များထံမှ စပယ်‌ယာက ‌ငွေ‌ကောက်‌ခံ‌တော့မည်‌ မဟုတ်‌ဘဲ သတ်‌မှတ်‌ ထား‌သော‌နေရာ တွင်‌ ‌မိမိကိုယ်‌တိုင်‌ငွေထည့်‌၍ လိုရာခရီးသွားနိုင်‌မည်‌ဟု ၎င်းက‌ပြောသည်‌။

“အခုလို တပ်‌ဆင်‌ရင်‌ စပယ်‌ယာဆိုတာ မလို‌တော့ဘူး။ စပယ်‌ယာ ဆိုတာက ပိုက်‌ဆံ‌ကောက်‌မယ်‌ ၊ပြိုင်‌‌မောင်းရင်‌ အား‌ပေးမယ်‌။ ဒါ‌ပေမယ့်‌ ယာဉ်‌အကူ ဆိုတာက သက်‌ကြီးရွယ်‌အို‌တွေကို ကူညီမယ်‌။ အ‌ကြွေမပါရင်‌ လဲ‌ပေးမယ်‌။ အဲ့လိုလုပ်‌‌ပေးမယ့်‌ ယာဉ်‌အကူ‌တွေ ထားသွားမှာ။”ဟု ကိုတရုတ်‌‌လေးက‌ပြောသည်‌။

ခရီးသည်‌ များအား‌ ငွေပို‌ကောက်‌ခံခြင်း၊ မ‌ချေမငံ့ ဆက်‌ဆံခြင်းနှင့်‌ ကားပြိုင်‌‌မောင်းရာတွင်‌ အား‌ပေး‌ အား‌မြှောက်‌ပြုခြင်း၊ ခိုက်‌ရန်‌ဖြစ်‌ ပွားခြင်း တို့ပြုလုပ်‌‌သော စပယ်‌ယာ အချို့‌ကြောင့်‌ စပယ်‌ယာများ မထားရှိ‌တော့ပဲ ယာဉ်‌အကူများ အဖြစ်‌‌ပြောင်းလဲ ထားရှိ သွားမည်‌ ဟု ၎င်းက‌ပြောသည်‌။

YBS ကားများ အားလုံးတွင်‌ Cash Box တပ်‌ဆင်‌ခြင်းနှင့်‌ စု‌ပေါင်း‌ပြေးဆွဲ‌သော စနစ်‌တစ်‌ရပ်‌အား ဇူလိုင်‌လ ၂၀ ရက်‌‌နေ့တွင်‌ စတင်‌ လုပ်‌‌ဆောင်‌ သွားမည်‌ဟု YBS ၂၁ ယာဉ်‌လိုင်းမှ အုပ်‌ချုပ်‌မှု ဒါရိုက်‌တာ ကိုတရုတ်‌‌လေး က‌ပြောသည်‌။

စု‌ပေါင်း‌ပြေးဆွဲ‌သော စနစ်‌ဆိုသည်‌မှာ ယခင်‌ကဲ့သို့ အပြိုင်‌အဆိုင်‌‌ ပြေးဆွဲစရာ လို‌တော့မည်‌ မဟုတ်ပဲ မိမိယာဉ်‌လိုင်းပိုင်‌ ကားများမှ တ‌စ်‌နေ့တာ ရသမျှ‌ငွေ များကို ညကားသိမ်းချိန်‌ ညီတူမျှတူ ခွဲ‌ဝေကြမည်‌ဟု ၎င်းက‌ပြောသည်‌။

ယခုလို လုပ်‌‌ဆောင်‌ခြင်း သည်‌ ခရီးသည်‌များ သွားလာရာတွင်‌ ‌ဘေးအန္တရာယ်‌ ကင်းခြင်း ၊‌ငွေပို‌ကောက်‌ခံမှု မရှိခြင်း ၊ကားပြိုင်‌‌မောင်းခြင်းနှင့်‌ လူပိုတင်‌ကာ လမ်း‌ပြောင်းပြန်‌‌မောင်းခြင်း တို့မရှိလာ‌စေရန်‌ အတွက်‌ လုပ်‌‌ဆောင်‌ခြင်းဟု ကိုတရုတ်‌‌လေး က‌ပြောသည်‌။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*