မဲဆန္ဒရှင်​ ပြည်​သူများရဲ့ မဲ​ပေးမှုကို မဲရုံပရဝုဏ်​ အတွင်းက​နေ လွှမ်းမိုး​အောင် ​​ကြိုးစားမှု များဟာ ပြီးခဲ့တဲ့ ကြားဖြတ်​ ​ရွေး​ကောက်​ပွဲမှာ ၇ရာခိုင်​နှုန်း ရှိဟုဆို

မဲဆန္ဒရှင်​ ပြည်​သူများရဲ့ မဲ​ပေးမှုကို မဲရုံပရဝုဏ်​ အတွင်းက​နေ လွှမ်းမိုး​အောင် ​​ကြိုးစားမှု များဟာ ပြီးခဲ့တဲ့ ကြားဖြတ်​ ​ရွေး​ကောက်​ပွဲမှာ ၇ရာခိုင်​နှုန်း ရှိဟုဆို
July 17, 2017 Asian Fame

5:40 pm
မဲဆန္ဒရှင်​ ပြည်​သူများရဲ့ မဲ​ပေးမှုကို မဲရုံပရဝုဏ်​ အတွင်းက​နေ လွှမ်းမိုး​အောင် ​​ကြိုးစားမှု များဟာ ပြီးခဲ့တဲ့ ကြားဖြတ်​ ​ရွေး​ကောက်​ပွဲမှာ ၇ရာခိုင်​နှုန်း ရှိဟုဆို

2(ရန်ကုန် ဇူလိုင် ၁၇)

မဲဆန္ဒရှင်ပြည်သူများရဲ့ မဲပေးမှုကို မဲရုံ ပရဝုဏ် အတွင်းကနေ လွှမ်းမိုးအောင် ကြိုးစားမှုများဟာ ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ၇ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့ အရပ်ဘက် အဖွဲ့အစည်း သုံးခုက ထုတ်ပြန်လိုက်ပါတယ်။

ငြိမ်းချမ်းမျှတ လူမှု အဖွဲ့အစည်း၊ ဒါန-ရှေ့ဆောင်မြန်မာနဲ့ အောက်ချင်း လူမှုအဖွဲ့အစည်းသုံးခုက ပူးပေါင်းပြီး ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ လေ့လာတွေ့ရှိချက် အပြီးသတ် အစီရင်ခံစာကို ဒီကနေ့ ထုတ်ပြန်လိုက်တာပါ ။ အဲဒီအစီရင်ခံစာမှာ မဲဆန္ဒရှင်ပြည်သူများ ကို ရွေးကောက်ပွဲ အသိပညာပေးခြင်း၊ မဲစာရင်း၊ မဲဆွယ်ခြင်း၊ ကြိုတင်မဲနဲ့ ရွေးကောက်ပွဲနေ့ လေ့လာ တွေ့ရှိချက်တွေကို ကဏ္ဍ အလိုက် ခွဲပြီး ထုတ်ပြန် ထားပါတယ်။

“တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတဲ့နေရာတွေမှာ တိုင်းရင်းသား နေရာတွေမှာ မဲပေးတဲ့နေ့မှာ မလိုလားအပ်ဘဲ နဲ့ဝတ်စုံပြည့်တာ မျိုးတွေပေါ့။ ဒါဟာ မဲလာပေးတဲ့ သူတွေကို တုံ့ဆိုင်းစေတယ်။ ဝေဝါးစေတယ်လို့ ယူဆတယ်။ အဲဒီနေ့မှာပြောက်ကြား ဝတ်စုံ ဝတ်လာတာဖြစ်ဖြစ် သူသည် တိုင်းရင်းသား လက်နက်ကိုင်မှန်း သိတယ် သူသည် ဘယ်ပါတီကို ကိုယ်စားပြုလဲ ဆိုတာ ဒေသခံက သိတယ် ဒီတော့ ဒီလူရှိနေရင် ကြောက်တယ် ” လို့ ဒါနရှေ့ဆောင်မြန်မာက ဦးချမ်းငြိမ်းအောင်က ပြောပါတယ်။

ထုတ်ပြန်တဲ့ အပြီးသတ် အစီရင်ခံစာမှာတော့ ပါတီဝင်များဟာ မဲရုံအနီး ခေါက်တုံ့ခေါက်ပြန် လျှောက်ပြနေမှုတွေ၊ ပါတီဝတ်စုံနဲ့ဆင်တူတဲ့ အဝတ်အစားတွေ ဝတ်ဆင်ထားကြခြင်းတွေ ရှိနေတယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့ ဒါတွေဟာ မြို့ပေါ်မှာထက် နယ်မှာ ပိုအဖြစ်များတယ်လို့သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အိမ်တိုင်ရာရောက် စနစ်ဟာ ရွေးကောက်ပွဲ ကျင်းပတဲ့နေရာ အားလုံးကို မလွှမ်းခြုံနိုင် မှု၊ ကြိုတင် မဲတွေကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအားလုံးက လုပ်ထုံးလုပ်နည်း အတိုင်းမဆောင်ရွက်နိုင် ခဲ့မှုတွေ ရှိခဲ့တယ် လို့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါတီ ၂၄ ခုနဲ့ တစ်သီးပုဂ္ဂလမှ ဝင်ရောက်ပြိုင်သူ စုစုပေါင်း ကိုယ်စား လှယ် ၉၅ ဦးရှိခဲ့ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*