ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ အသစ် နေရာ အတွက် NLD ၀င် အရွေးခံခဲ့သော်လည်း ရှုံးခဲ့၊ANP မှ ဦးမြသန်း ရွေးချယ်ခံရ

ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ အသစ် နေရာ အတွက် NLD ၀င် အရွေးခံခဲ့သော်လည်း ရှုံးခဲ့၊ANP မှ ဦးမြသန်း ရွေးချယ်ခံရ
July 14, 2017 Asian Fame

5:47 pm
ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ အသစ် နေရာ အတွက် NLD ၀င် အရွေးခံခဲ့သော်လည်း ရှုံးခဲ့၊ANP မှ ဦးမြသန်း ရွေးချယ်ခံရ

UMYATHAN(စစ်တွေ၊ဇူလိုင် ၁၄)

လစ်လပ်နေတဲ့ ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ နေရာကို လွှတ်တော် ကိုယ်စားလှယ် တစ်ဦးနဲ့အစားထိုး ခန့်အပ် နိုင်ဖို့ အတွက် ရခိုင်ပြည်နယ် လွှတ်တော်မှာ ဒီကနေ့ အထူး အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

ကွယ်လွန် သွားပြီးဖြစ်တဲ့ ရခိုင်လွှတ်တော် ဒုဥက္ကဌ ဦးဖိုးမင်း နေရာ အတွက် မြေပုံမြို့နယ် အမှတ် (၁) ပြည်နယ် လွတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်း(ရခိုင်အမျိုးသားပါတီအမတ်) ၊ မာန်အောင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးနွဲ့(NLD အမတ်) ၊ နဲ့ မြေပုံမြို့နယ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမြသန်း(ရခိုင်အမျိုးသားပါတီ) တို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြရာမှာ ဦးမြသန်းက ၁၉ မဲ ၊ ဦးအောင်ဝင်းက ၁၇ မဲ ၊ ဦးဖိုးနွဲ့က ၆ မဲတို့ရရှိခဲ့တာကြောင့် ခုဆို ဦးမြသန်းဟာ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး အနိုင်ရအမတ် ဦးမြသန်းက ပေါ်ပြူလာနယူးစ်ကို အခုလိုပြောပါတယ်။

“ကျွန်တော် အနိုင်ရခဲ့ပါတယ်။ လွှတ်တော်ဥက္ကဌ ကပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ရမှာပါ ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဇယား ၂ မှာပါတဲ့ အတိုင်း ရခိုင်ပြည်နယ် အတွက် လိုအပ်တဲ့ ဥပဒေတွေကို ပြဌာန်းသွားဖို့ ကြိုးစားသွားပါမယ်။ ဥပဒေပေါင်း ၂၀ လောက် ရှိတယ်။ လောလောဆယ် စာကြည့်တိုက် နဲ့ပြတိုက်ဥပဒေကြမ်း ၊ ရုပ်ရှင်ရုံ ဗီဒီယို ဇာတ်ရုံနဲ့ ပတ်သတ်တဲ့ ဥပဒေကြမ်းတွေ ကို လွှတ်တော် တင်ထားပြီးပါပြီ” လို့ သူက ပြောပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*