1:52 pm
ကားတစ်စီးမှာ အရေးကြီးအဆုံး အစိတ်အပိုင်းက အင်ဂျင်၊ ဂီယာစတဲ့ အစိတ်အပိုင်းတွေဖြစ်ပေမယ့် ကားတစ်စီး ရဲ့ ခန့်ညားမှုကို ကိုယ်စားပြုတဲ့ ဆေးသားအရောင်တွေကလည်း ကားချစ်သူပရိသတ်တွေအတွက် အတိုင်းအတာတစ်ခုအ ထိ အရေးပါနေပါလိမ့်မယ်။ ကားဆေးရောင်က တောက်ပသန့်ရှင်းနေမယ်ဆိုရင် စာဖတ်သူစီးနေတဲ့ကားက အချိန်တိုင်း သစ်လွင်ပြီး အများတကာရှေ့မှာ မျက်မှာပန်းလှနေမှာ အသေအချာပါပဲ။ ဒါကြောင့် Ford Asia Pacific ထုတ်လုပ်ရေး အင်ဂျင်နီယာချုပ်ဖြစ်တဲ့ Richard Burt ရဲ့ ကားဆေးရောင်ထိန်းသိမ်းကားကွယ်ရေးလမ်းညွှန်ကို motors.com.mm က တဆင့် ပြန်လည်ဖော်ပြလိုက်ပါတယ်။
၁. အင်းဆက်များ – အင်းဆက်ပိုးမွှားတွေက ဘယ်လောက်အကောင်သေးသေး အက်ဆစ်ဓာတ်ကြွယ်ဝကြပါတယ်။ အင်း ဆက်အထွက်များချိန် ကားမောင်းသွားလို့ ကိုယ်ထည်ပေါ်မှာ အင်းဆက်အသေတွေက အကျိအချွဲတွေလို ကပ်ငြိနေတဲ့အ ခါ ကားကို ချက်ချင်း သန့်ရှင်းရေးလုပ် ပေးဖို့လိုတယ်။ ဒီလိုသန့်ရှင်းရာမှာလည်း နူးညံ့တဲ့အဝတ်စကို သုံးဖို့လိုပါတယ်။
၂. လောင်စာဆီ – ဆီဖြည့်ပြီးတဲ့အချိန်တွေမှာ လောင်စာဆီတိုင်ကီဖုံးအနား ဆီတွေ ပေကျန်ခဲ့တာမျိုးနဲ့ ကြုံဖူးပါသလား၊ လောင်စာဆီတွေက ကိုယ်ထည်ဆေးသားပေါ်မှာ အချိန်ကြာကြာရှိနေရင် ဆေးသားအပေါ်ယံလွှာတွေ ပျက်ဆီးပြီး နှစ်လို ဖွယ်မကောင်းတဲ့ အညိုရောင်အကွက်တွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် လောင်စာဆီတွေ ပေစွန်းနေတာတွေ့ရင် မိုက်ခ ရိုဖိုက်ဘာအဝတ်စနဲ့ ချက်ချင်း သုတ်ပေးဖို့လိုတယ်။ မိုက်ခရိုဖိုက်ဘာအဝတ်စတွေကို ကားပစ္စည်းဆိုင်တွေမှာ အလွယ်တ ကူရနိုင်တယ်။
၃. ငှက်ချေးများ – ငှက်အများစုက အက်ဆစ်ဓာတ်ကြွယ် ဝတဲ့ အစာတွေကို စားလေ့ရှိတာကြောင့် ငှက်ချေးတွေကလည်း အင်းဆက်တွေနည်းတူ ကားဆေးရောင်ကို ဒုက္ခပေးနိုင် တယ်။ ငှက်ချေးတွေ ကပ်ငြိလာတဲ့အခါ အရင်ဆုံး ကားဆေးဆပ်ပြာရည်ကို စပရေးဗူးထဲထည့်ဖြန်း၊ ပြီးမှ မိုက်ခရိုဖိုက်ဘာ အဝတ်စနဲ့ သန့်စင်ပေးရမှာ ဖြစ်ပါတယ်။
၎. ကျောက်စငယ်များ – ကျောက်စရစ် (သို့) ကျောက်စငယ်တွေရှိတဲ့ လမ်းပေါ်ကို ဖြတ်မောင်းတဲ့အခါ ကျောက်ခဲငယ်တွေ လွင့်စင်ရိုက်ခတ်တာကြောင့် ကားဘေးဖက်အခြမ်းမှာရှိတဲ့ ဆေးသားတွေကို ထိခိုက်စေတတ်ပါတယ်။ ထိခိုက်မှုများရင် ဆေးသားအလွှာအတွင်းထဲအထိ ပျက်ဆီးပြီး သံချေးတွေ တက်လာတတ်တယ်။ ဒါကြောင့် ကိုယ်ထည်မှာ ကျောက်စခြစ် ရာမျိုးတွေမြင်ရင် ချက်ချင်းပြင်ဆင်ဖို့လိုပါတယ်။
၅. လက်ဗွေရာများ – လက်ဗွေရာတွေက ကားဆေးရောင်ကို ထိခိုက်တဲ့အထိ ဒုက္ခပေးနိုင်ပါသလား၊ အခြေအနေတစ်ခုမှာ ဒုက္ခပေးနိုင်ပါတယ်။ ဖုန်တွေ၊ သဲတွေ အထပ်ထပ်ကပ်နေတဲ့ ကားကိုယ်ထည်ပေါ် လက်နဲ့ အရုပ်ရေးတဲ့အခါ သဲပွင့်တွေက ဆေးသားနဲ့ ပွတ်တိုက်မိပြီး ဆေးသားအပေါ်ယံလွှာကို ထိခိုက်မှုဖြစ်စေတယ်။ ဒါကို ကာကွယ်နိုင်စေဖို့ ကားအပေါ်မှာ ဖုန်ဒု နဲ့ တက်လာတဲ့အထိ စောင့်မနေဘဲ ပုံမှန်သန့်ရှင်းရေးလုပ်ပေးရင် ရပါတယ်။
၆. ပြာမှုန့်များ – အက်ဆစ်ဓာတ်နည်းတူ ကားဆေးရောင်ကို ထိခိုက်စေနိုင်တဲ့ နောက်တစ်မျိုးက အယ်ကာလိုင်းဓာတ် ဖြစ်ပါ တယ်။ ပြာမှုန်တွေက အယ်လ်ကာလိုင်းဓာတ်ပြည့်ဝတဲ့ အရာတွေဖြစ်ပြီး အင်းဆက်၊ ငှက်ချေးတွေလိုမဟုတ်ဘဲ ကားတစ်စီး လုံးပေါ်မှာလည်း ကပ်ငြိနိုင်တယ်။ ကားကိုယ်ထည်မှာ ပြာမှုန်တွေကပ်နေပြီဆိုရင် အရင်ဆုံး ငှက်မွေးတံမြက်ငယ်တစ် ချောင်းနဲ့ ခါထုတ်ဖို့လိုပါတယ်။ ပြီးမှ ကားကို ရေဆေးတာမျိုးလုပ်ပါ။
၇. ညစ်ပေနေသော အဝတ်များ – ဖော်ပြခဲ့တဲ့ အချက်တွအားလုံးကို လိုက်နာပေမယ့် ကားကို သန့်ရှင်းရေးလုပ်တဲ့အခါ ညစ်ပတ်တဲ့ အဝတ်စတွေကို သုံးမယ်ဆိုရင် ကားဆေးရောင်အပေါ် ထိခိုက်မှုရှိနေပါလိမ့်မယ်။ ဒါကြောင့် ကားကို သန့်ရှင်း ရေးမလုပ်ခင်မှာ အသုံးပြုမယ့်အဝတ်စကို သန့်၊ မသန့် စစ်ဆေးပြီး ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေ ကပ်ငြိနေမယ်ဆိုရင် အရင်လျှော်ဖွပ်ပြီးမှ အသုံးပြုသင့်ပါတယ်။
HZ