တပ်မတော်ယာဉ်တန်းမှ ကားတစ်စီးချောက်ထဲကျ၍ ဒဏ်ရာရမှုများရှိ

တပ်မတော်ယာဉ်တန်းမှ ကားတစ်စီးချောက်ထဲကျ၍ ဒဏ်ရာရမှုများရှိ
July 13, 2017 Asian Fame

3:06 pm
တပ်မတော်ယာဉ်တန်းမှ ကားတစ်စီးချောက်ထဲကျ၍ ဒဏ်ရာရမှုများရှိ

(ကျိုင်းတုံ ၊ ဇူလိုင် ၁၃)

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ နားက ယန်းခရွာနားမှာ တပ်မတော် ယာဉ်တန်းထဲက ကားတစ်စီး ချောက်ထဲကျလို့ ဒဏ်ရာ ရသူတွေ ရှိနေတယ်လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ဒီကနေ့ နေ့လည် ပိုင်းမှာ ပြောကြားပါတယ်။

ဒီကနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်မှာ ဒဏ်ရာရသူတွေကို ကျိုင်းတုံဆေးရုံကို တင်ထားရတယ် လို့ သိရပါတယ်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က အကြီးတန်း ရဲအရာရှိကြီးတစ်ဦးက “အတိအကျတော့ မသိရသေးဘူး။ ဖြစ်စဉ်ကတော့ ဟုတ်တယ်။ သတင်း တက်တယ်။ တပ်မတော်သားတွေပဲ ပါတယ်။ နောက်တန်းပြန်လာတဲ့ ယာဉ်တန်း ဖြစ်နိုင်ပါတယ်” လို့ ပေါ်ပြူလာနယူးစ် ကိုပြောပါတယ်။

ကြားရတဲ့ သတင်းတွေအရတော့ သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှု အနည်းအကျဉ်း ရှိနိုင်တယ်လို့ အဆိုပါ ရဲအရာရှိကြီးကဆိုပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*