တပ်မတော် စစ်ရေယာဉ် နှင့် လိုက်လံ တားဆီးမှသာ ရပ်တန့်ပေးခဲ့သည့် တရုတ်ရေယာဉ်မှူးနှင့် အဖွဲ့ကို ဆိပ်ကမ်းအာဏာပိုင် ဥပဒေဖြင့် အရေးယူမည်ဟု ပြည်ထဲရေး ကြေညာ

တပ်မတော် စစ်ရေယာဉ် နှင့် လိုက်လံ တားဆီးမှသာ ရပ်တန့်ပေးခဲ့သည့် တရုတ်ရေယာဉ်မှူးနှင့် အဖွဲ့ကို ဆိပ်ကမ်းအာဏာပိုင် ဥပဒေဖြင့် အရေးယူမည်ဟု ပြည်ထဲရေး ကြေညာ
July 13, 2017 Asian Fame

4:54 pm
တပ်မတော် စစ်ရေယာဉ် နှင့် လိုက်လံ တားဆီးမှသာ ရပ်တန့်ပေးခဲ့သည့် တရုတ်ရေယာဉ်မှူးနှင့် အဖွဲ့ကို ဆိပ်ကမ်းအာဏာပိုင် ဥပဒေဖြင့် အရေးယူမည်ဟု ပြည်ထဲရေး ကြေညာ

ship(ရန်ကုန်၊ ဇူလှိုင် ၁၃)

ခွင့်ပြုချက်မရဘဲ ထွက်ခွာသွားမှုဖြင့် တရုတ်နိုင်ငံသားသင်္ဘောကပ္ပတိန် Mr. Feng Fabing နှင့် အဖွဲ့ကို သက်ဆိုင်ရာက ဆိပ်ကမ်း အာဏာပိုင် ဥပဒေနှင့် အရေးယူရန် စီစဉ်နေသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ကပြောသည်။

ယင်း ဆီတင်ရေယာဉ်သည် ဇူလိုင်လ ၁၀ ရက်နေ့က ကျောက်တန်းမြို့နယ် သီလဝါရှိ Green Asia ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် စင်္ကာပူနိုင်ငံ Ms. Bravely Int’l Pte,Ltdမှ တင်ဆောင်လာခဲ့သည့် ဒီဇယ်ဆီများကို မြန်မာနိုင်ငံ အခြေစိုက်PT Power ကုမ္ပဏီ အတွက် ချထားပေးခဲ့သည့် ရေယာဉ်ဖြစ်သည်ဟု သိရသည်။

ပြည်ထဲရေး ၀န်ကြီးဌာန ဘက်က အရေးယူရန် စီစဉ် လိုက်ရသည့် အခြေအနေနှင့် စပ်လျဉ်းပြီး ရှင်းပြရာတွင် ယင်းရေယာဉ်သည် ဇူလိုင်လ ၁၂ ရက်နေ့ ၀၆၀၀ အချိန် တွင် ပြန်လည် ထွက်ခွာရန် စီစဉ်ထားသည့် ရေယာဉ် ဖြစ်ပါကြာင်း၊ သင်္ဘောကုမ္ပဏီ ဖြစ်သည့် စင်္ကာပူနိုင်ငံ Ms. Bravely Int’l Pte,Ltdက အဆိုပါ ဆီတင်ရေယာဉ်ထွက်ခွာခွင့် ကို ပယ်ဖျက် ပေးရန် E mail နှင့် အကြောင်းကြား ခဲ့သည့် အတွက် သင်္ဘော ထွက်ခွာခွင့်ကို ပယ်ဖျက်လိုက်ကာ၊ သင်္ဘောကပ္ပတိန် Mr. Feng Fabing ထံအကြောင်းကြား ခဲ့ကြောင်း၊ ထိုသို့ အကြောင်း ကြားထားသည့် ကြားက အဆိုပါ ဆီတင်ရေယာဉ်သည် ဇူလိုင်လ ၁၂ ရက်နေ့ ၀၅၀၀ အချိန် တွင် မြန်မာ့ ဆိပ်ကမ်း အာဏာ ပိုင်က ရေကြောင်းပြ မှူးကြီး လိုက်ပါမောင်းနှင်မှုမရှိဘဲ ထွက်ခွာသွားကြောင်း၊ ထို့ကြောင့် ရေကြောင်း ရဲတပ်ဖွဲ့က လိုက်လံ တားဆီးခဲ့ရကြောင်း၊ ရပ်တန့်ခြင်း မရှိသည့်အတွက် စစ်ရေယာဉ် (၅၅၆) နှင့် လိုက်လံတားဆီးမှသာ သဘောင်္က ရပ်ပေး ခဲ့ကြောင်း ပြောဆိုခဲ့သည်။

ယင်းသင်္ဘော ပေါ်တွင် Mr. Feng Fabing ဦးစီးသည့် သင်္ဘောသား (၂၁)ဦး (တရုတ်-၁၅၊မြန်မာ-၄၊ဘင်္ဂလားဒေ့ရှ်-၂)ပါ ရှိသည်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*