Uber က မြန်မာနိုင်ငံဆိုင်ရာ အထွေထွေ မန်နေဂျာ အဖြစ် မြန်မာ အမျိုးသမီးအား ခန့်အပ်

Uber က မြန်မာနိုင်ငံဆိုင်ရာ အထွေထွေ မန်နေဂျာ အဖြစ် မြန်မာ အမျိုးသမီးအား ခန့်အပ်
July 12, 2017 Asian Fame

2:10 pm
Uber က မြန်မာနိုင်ငံဆိုင်ရာ အထွေထွေ မန်နေဂျာ အဖြစ် မြန်မာ အမျိုးသမီးအား ခန့်အပ်

DawEiPhyuLwin(ရန်ကုန်၊ ဇူလိုင် ၁၂)

အမေရိကန် အခြေစိုက် အငှားယာဉ် ၀န်ဆောင်မှုလုပ်ငန်း Uber က မြန်မာ အမျိုးသမီး ဒေါ်အိဖြူလွင်အား ၎င်းတို့၏ မြန်မာနိုင်ငံဆိုင်ရာ အထွေထွေ မန်နေဂျာအဖြစ် ခန့်အပ်လိုက်သည်။

Uber ၏ ဒေသဆိုင်ရာ ခေါင်းဆောင်မှုပိုင်းနှင့် အရှေ့တောင် အာရှဒေသရှိ အဖွဲ့အင်အား တိုးချဲ့ရာတွင် အဓိကအဖွဲ့ ဝင်တစ်ဦး အဖြစ် ပါဝင်လာသူ ဒေါ်အိဖြူလွင်သည် Uber ၏ အသစ်လွင်ဆုံး ဈေးကွက် တည်ရှိရာ မြန်မာပြည်တွင် တိုးတက်လာသည့် ဈေးကွက် အခြေအနေ များကို ဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှု များနှင့် နိုင်ငံသားများ အတွက် ရင်းနှီးမြှုပ်နှံမှုများ၊ ခရီးသည် များနှင့် ယာဉ်မောင်း များ၏ အတွေ့အကြုံကောင်း များမှတစ်ဆင့် ဈေးကွက် အခြေအနေများ တိုးတက်အောင် တာဝန်ယူဆောင်ရွက် သွား မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မက မြန်မာနိုင်ငံ ကနေ ထွက်သွားခဲ့တာ ကလေးအရွယ် ကတည်းကပါ။ အခုတော့ ကိုယ့်မိခင်နိုင်ငံ ကို ပြန် လာပြီး Uber ကို မြန်မာပြည် ရဲ့ အောင်မြင်တဲ့ ဈေးကွက်တွေထဲမှာ အသစ်ဆုံးဖြစ်လာအောင် ကြိုးစားရာမှာ ဦးဆောင်ရမှာဖြစ်တဲ့ အတွက် အရမ်းပဲ ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ”ဟု ဒေါ်အိဖြူလွင်က ပြောသည်။

ဒေါ်အိဖြူလွင် သည် မြန်မာနိုင်ငံသို့ပြန်လာပြီးနောက် ရိုးမဘဏ်၏ နိုင်ငံတကာ ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးရာ ကိစ္စရပ်များကို ပျိုးထောင်ရာ တွင် နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကြီးပွားရေး၊ အမှတ်တံဆိပ် တိုးတက်ရေးနှင့် မြန်မာနိုင်ငံ၏ တိုးတက်လာသည့် ဘဏ္ဍာရေး အခန်းကဏ္ဍတွင် အရည်အသွေးမြှင့်တင်မှု တို့ကိုဆောင်ရွက်ခဲ့သည်။

ဒေါ်အိဖြူလွင်သည် University of Technology Sydney မှ စီးပွားရေးဆိုင်ရာဘွဲ့ကို ရယူထားပြီး ပြင်သစ်နိုင်ငံ စီးပွားတက္ကသိုလ် INSEAD မှ ဘဏ္ဍာရေးဆိုင်ရာ မဟာဘွဲ့ကို ရယူထားသူဖြစ်သည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*